ရာဇဝတ်ကောင် သတိုး ပုဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မ.အ.လရေ… မင်း အဖြစ်က ‘လူမလေး ခွေးမခန့်’ ဆိုတာလို ဖြစ်နေပါပေါ့လားကွ။ ကြည့်လေ…အခု မင်းကို ဝိုင်းရံမြှောက်ပင့်ပေးနေကြတဲ့ သူတွေကတောင် ‘သူ အာဏာတည်မြဲနေဖို့အတွက် အောက်လက်ငယ်သားတွေကို ချနင်းထိုးကျွေးနေတယ်’လို့ ပြောကုန်နေကြပြီ။ ‘အဘ ကုလားထိုင်ပေါ်က မဆင်းသေးဘူးလား၊ ဆင်းပေးပါတော့’ လို့တောင် တောင်းဆိုနေကြပြီ။ အေးလေ… မင်းရဲ့အရည်အချင်းကလည်း ကာကွယ်ရေးဦးစီးချုပ်ရာထူးနဲ့ ပေမီဒေါက်မီမှ မဟုတ်တာလေ…။ ဒီတော့လည်း ပြောကြ၊ တောင်းဆိုကြပေမယ်ပေါ့။ မင်းအနေနဲ့လည်း လူ့အသိလေး နှမ်းတစေ့လောက် ရှိနေတယ်ဆိုရင်တောင် အလိုအလျောက် ဆင်းပေးသင့်တဲ့ အနေအထား ရောက်နေပါပြီကွာ…။
ရ.မ.ခ လားရှိုး လက်လွှတ်ဆုံးရှုံးရတုန်းက ဇော်မဲလုံးရဲ့ ‘ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ များပြားမှာမို့ ဆုတ်ခွာပေးလိုက်ရတာပါ။ ပြည်လည်ရယူသင့်တဲ့အချိန် ရောက်ရင် အချိန်မရွေး သွားရောက် တိုက်ခိုက်နေစရာတောင် မလိုဘဲ လက်ညှိုးလေး တချက်ကွေးလိုက်ရုံနဲ့ ပြန်လည် ထိန်းချုပ်နိုင်ပါတယ်’ ဆိုတဲ့ စကားကို ယုံကြည်ကြလို့လား…မပြောတတ်ဘူး၊ ခုလောက်ထိ ပေါက်ကွဲနေကြတာ မတွေ့ကြဘူး။ အခု…မောင်တော န.ခ.ခ (၅) ကျရှုံးလက်လွှတ်လိုက်ရမှ ပေါက်ကွဲလိုကြတဲ့ အသံတွေ..အသံတွေ…၊ ကထိန်ရာသီ တကျော့ပြန် ရောက်နေသလား…အောက်မေ့ရတယ်။ နားတွေ ကုလားမူစွဲလောက်ပါရဲ့…။
အဲဒီလို လုံခြုံလှတဲ့စခန်းကြီးကို AA တပ်မတော်က (၃)လကြာ ဝိုင်းရံပိတ်ဆို့ထားပြီး ကြွက်ဗျူဟာနဲ့ လိုဏ်ခေါင်းတွေတူးပြီး တိုက်ခိုက်လိုက်တာ ပလုံစွပ်ဖြစ်ကရော…။ ဒင်းတို့က မနေ့တနေ့ကမှ ထူထောင်ထားလို့ အထင်သေးထားကြတဲ့ AA တပ်မတော်ရဲ့ ဗျူဟာက အံ့မခန်းစရာပါပဲ။
အေးဗျ။ ဝိုင်းရံကြတဲ့သူတွေ ပေါက်ကွဲကြမယ်ဆိုလည်း ပေါက်ကွဲစရာ အကောင်းသား…။ န.ခ.ခ(၅)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရော၊ စစ်ရေးရော အရေးပါတဲ့ ထိန်းချုပ်စခန်းကြီး။ ပြီးတော့ တည်ဆောက်ထားတဲ့ အနေအထားကလည်း ပထဝီအနေအထားအရရော၊ စစ်ရေးအနေအထားအရရော အင်မတန်ပြည့်စုံ လုံခြုံလှပါသတဲ့။ တော၊ တောင်၊ မြစ်ချောင်း ပေါများတဲ့ ရခိုင်ပြည်နယ်မှာ န.ခ.ခ(၅)ရဲ့ ပတ်ချာလည် (၅)မိုင်ကတော့ မြေပြန့်လွင်ပြင် ဖြစ်နေတယ် ဆိုပဲဗျ။ ကြည့်လိုက်ရင် ရန်သူ ချဉ်းကပ်လာတာ မပြောနဲ့၊ ပုရွက်ဆိတ်ကြောင်း လာနေတာကိုတောင် အထင်းသား မြင်နေရတယ်ဆိုပဲ…။ စခန်းကိုလည်း သံဆူးကြိုး နှစ်ထပ်နဲ့ ကာရံထားသေးသတဲ့…။ မြောင်းလည်း တူးထားလိုက်သေးတယ်။ ပြီးတော့ ဝါးဆူးချွန်တွေလည်း စိုက်ထားသေး။ နင်းမိုင်းတွေလည်း ထောင်ချီချလိုက်သေး…။
အဲဒီလို လုံခြုံလှတဲ့စခန်းကြီးကို AA တပ်မတော်က (၃)လကြာ ဝိုင်းရံပိတ်ဆို့ထားပြီး ကြွက်ဗျူဟာနဲ့ လိုဏ်ခေါင်းတွေတူးပြီး တိုက်ခိုက်လိုက်တာ ပလုံစွပ်ဖြစ်ကရော…။ ဒင်းတို့က မနေ့တနေ့ကမှ ထူထောင်ထားလို့ အထင်သေးထားကြတဲ့ AA တပ်မတော်ရဲ့ ဗျူဟာက အံ့မခန်းစရာပါပဲ။ ဒါ့ပြင် ရာထူးအကြီးဆုံး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်လတ်လတ် သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်လိုက်တယ်။
AA တပ်မတော်အတွက် မဟာအောင်ပွဲကြီး ဖြစ်ပေမဲ့ ဝိုင်းရံကြတဲ့သူတွေအတွက်တော့ တုန်လှုပ်ပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်စေတာပေါ့လေ…။ (၃)လတာ ကာလအတွင်း လူအင်အား၊ လက်နက်ရိက္ခာအင်အား ဘာလို့ မဖြည့်တင်းနိုင်ရတာလဲ…။ လေကြောင်းပစ်ကူ ဘာလို့ မပြုလုပ်ပေးနိုင်ရတာလဲ…။ စစ်ဆင်ရေး ကွပ်ကဲသူတွေ ညံ့ဖျင်းလွန်းလှချည့်လား…စသည့် ..စသည်ဖြင့် လောင်လိုက်ကြစမ်း…တတောလုံး ပြောင်အောင်…။
န.ခ.ခ(၅) ထိန်းချုပ်နိုင်ခြင်းဟာ စစ်ရေးပါမက စီးပွားရေးပါ ထိန်းချုပ်နိုင်လိုက်တဲ့ သဘော…။ ကုလားတန်မြစ်ကြောင်းလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီမို့ အိန္ဒိယနိုင်ငံနဲ့လည်း သွားလမ်းသာလို့ လာလမ်း ဖြောင့်နေကြပါပြီ။
န.ခ.ခ(၅) ထိန်းချုပ်နိုင်ခြင်းဟာ စစ်ရေးပါမက စီးပွားရေးပါ ထိန်းချုပ်နိုင်လိုက်တဲ့ သဘော…။ ကုလားတန်မြစ်ကြောင်းလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီမို့ အိန္ဒိယနိုင်ငံနဲ့လည်း သွားလမ်းသာလို့ လာလမ်း ဖြောင့်နေကြပါပြီ။ ခုဆို တောင်ကုတ်၊ အမ်း န.ပ.ခတို့ကိုလည်း ထိန်းချုပ်နိုင်လိုက်ပြန်ပြီ။ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ မာန်အောင်နဲ့ မြို့တော်စစ်တွေပဲ ကျန်ရှိတော့တယ်။
အဲဒီမှာ ရာဇဝတ်ကောင် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မ.အ.လက နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအတွက် သဝဏ်လွှာ ပေးပို့လာတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ထောက်ပံ့ငွေ ကျပ်(၁၀)ဘီလီယံ ခွင့်ပြုထားပြီး ဖြစ်ပါသတဲ့။ အဲဒီငွေတွေကို တောင်သူဦးကြီးတွေ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေကို ခွဲဝေပေးပြီးလို့ အကောင်အထည်အထည်ဖော် ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါသတဲ့။ ပြီးတော့ ရခိုင်ပြည်နယ်မှာ ပြည်လုံးကျွတ် သန်းကောင်စာရင်းလည်း ကောက်ယူပြီးပြီတဲ့ဗျာ…။ ကိုင်း…မယုံချင်ရင်နေ…။ ဒါ့ပြင် စစ်တွေမြို့ပေါ်မှာ နယ်စပ်ရေးရာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် စည်းဝေးနေကြသတဲ့…။ လောင်မြိုက်နေကြတဲ့ ဝိုင်းရံသူတွေကို လှောင်ပြောင်လိုက်လေသလား…။ ပြည်သူတွေကို လိမ်ညာ ဝါဒဖြန့်နေကြသလား… မပြောတတ်တော့။
ကချင်ကိုတော့ တရုတ်က ခေါ်ယူတွေ့ဆုံ ညှိနှိုင်းလိုက်ကြပြီ…။ MNDAA ကို ဖိအားပေးသလိုတော့ ဟုတ်ဟန်မတူဘူး…။ ဘာပြုလို့လဲဆိုတော့ တွေ့ဆုံနေကြချိန်မှာပဲ KIA က ဗန်းမော်ကို မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေလို့ပါ။ ခုတော့ဖြင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးကိုလည်း တရုတ်က ဖွင့်ပေးလိုက်ပါပြီ။ ရာဇဝတ်ကောင် မ.အ.လရေ… တရုတ်က မင်းကို ကျောခိုင်းလိုက်ပြီဆိုတာ သဘောပေါက်ကြည့်ထားလိုက်ပါ။ မကြာခင် AA ကိုလည်း တရုတ်က ခေါ်ယူတွေ့ဆုံညှိနှိုင်းတော့မှာပါ။ မင်းအနေနဲ့ ပထွေးရုရှားရဲ့ ခြေသလုံးကို မလွတ်တမ်း ဖက်ထားရုံသာ ရှိတော့တာပ။ ဒါပေမဲ့ မင်းပထွေး ရုရှားခမျာလည်း ဆီးရီးယားက ရေတပ်စခန်းကြီး ဖျက်ဆီးခံလိုက်ရလို့ ပျားတုပ်နေရှာပေါ့…။ အင်း…မင်းရဲ့အဖြစ်ကလည်း ‘လူမလေး ခွေးမခန့်’ရုံမက သောင်ပြင်အလွှတ်ခံရတဲ့ အကောင်လို ဖြစ်တော့မယ် ထင်ပါရဲ့ကွာ…။
နိုင်ငံတကာကတော့ မင်းတို့ Standard Army ကြီးကို ‘ခြင်းကျားတပ်’ လို့ ဝိဂြိုဟ်ပြုထားကြလေရဲ့…။ ယူနီဖောင်းတွေကလည်း ဟောင်းနွမ်းစုတ်ပြတ်လို့…။ ဖမ်းမိသုံ့ပန်းတွေကို ‘ဘာလုပ်ချင်လဲ’လို့ မေးလိုက်ရင် ‘ထမင်း စားချင်တယ်’လို့ ဖြေကြတယ်။ တကယ်ကို အငတ်ငတ် အပြတ်ပြတ်…။
ဒါထက် နေပါဦးကွ…။ မင်းတို့ရဲ့ စစ်သုံးစရိတ်က အရင်အစိုးရ လက်ထက်တွေ ကတည်းက စာရင်းအင်း စစ်ဆေးခွင့်မရှိဘဲ သုံးစွဲနေခဲ့ကြတာပဲ။ မင်း အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ စစ်သုံးစရိတ်က ကျပ်ငွေ(၁၇၄၆) တြီလီယံထိ ရှိခဲ့တယ်။၂၀၂၂ ခုနှစ်မှာ ကျပ်ငွေ(၃၇၀၃)တြီလီယံ၊ ၂၀၂၃ ခုနှစ်မှာ ကျပ်ငွေ(၅၆၃၅)တြီလီယံတွေ ရှိခဲ့တယ်။ ကျပ်ငွေ (၅၆၃၅)တြီလီယံဆိုတာ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ရင်(၂.၇)ဘီလီယံခန့် ရှိတာကလား …။ နည်းနည်းနောနော ငွေမှ မဟုတ်တာပဲ။ ၂၀၂၄-၂၅ ဘတ်ဂျက်လျာထားတဲ့ ငွေပမာဏတော့ ဖော်ပြမထားသေးဘူး။ လိုအပ်ရင် လိုအပ်သလို သုံးစွဲရမှာမို့ စာရင်းရှင်ထား လေသလား…။ ကျပ်ငွေ(၅၆၃၅) တြီလီယံမက ပိုလိမ့်မယ် ထင်ပါရဲ့…။
ဆိုလိုချင်တာကတော့ကွာ…အဲဒီလောက် ငွေပမာဏ အမြောက်အမြား သုံးစွဲပါလျက် စ.ခတွေခမျာ ခြင်းကျား တောင်းကြီးတွေလွယ်လို့…။ နိုင်ငံတကာကတော့ မင်းတို့ Standard Army ကြီးကို ‘ခြင်းကျားတပ်’ လို့ ဝိဂြိုဟ်ပြုထားကြလေရဲ့…။ ယူနီဖောင်းတွေကလည်း ဟောင်းနွမ်းစုတ်ပြတ်လို့…။ ဖမ်းမိသုံ့ပန်းတွေကို ‘ဘာလုပ်ချင်လဲ’လို့ မေးလိုက်ရင် ‘ထမင်း စားချင်တယ်’လို့ ဖြေကြတယ်။ တကယ်ကို အငတ်ငတ် အပြတ်ပြတ်…။ ပြီးတော့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ထိတွေ့တိုက်ပွဲ မဖြစ်လိုက်နဲ့၊ ဖြစ်လိုက်တာနဲ့ အနိုင်ရလိုက်တယ်ဆိုတာ မကြားဖူးသလောက်ပဲ။ ရှုံးပြီးရင်း ရှုံးနေတော့တာပဲ။ ဒီတော့ တွေးကြည့်မိလိုက်တယ်။ စစ်သုံးစရိတ် တြီလီယံ ထောင်ချီသုံးနေတာ… ထောက်ပို့တာနည်းနည်း … လုပ်ပိုင်ခွင့် ရှိသူတွေ ခိုးယူနေကြတာ များများ ဖြစ်နေဟန်တူပါရဲ့လေ…လို့။
ခုဆို…ငြိမ်သက်နေတဲ့ ဧရာ၀တီတိုင်းဘက်မှာ ပ.က.ဖတွေ မြို့နယ်အလိုက်၊ ဒေသအလိုက် ဖွဲ့စည်းပြီးပြီဆိုတဲ့ သတင်းတွေ ကြားလာရတယ်။ ပီပြင်စွာ ဖွဲ့စည်းပြီးလို့ ထုတ်ပြန်လာတဲ့သတင်းလို့ ယူဆရပါတယ်။ ဧရာ၀တီတိုင်းပါ လှုပ်ခတ်လာရင်တော့ ရာဇဝတ်ကောင် မ.အ.လရေ…မင်းအနေနဲ့ ဘယ်လိုပင် ကုလားထိုင်မှာ တောက်တဲ့ကပ်သလို ကပ်ထား ကပ်ထား လွင့်စဥ်သွားတော့မှာ အမှန်ပဲကွ။ ဒီတော့… အသက်ဉာဏ်စောင့်သတဲ့…။ အေး…မင်းရဲ့အသက် နှမြောတယ်ဆိုရင်တော့ ဉာဏ်လေးစောင့်ပေါ့ကွာ…လို့ ပြောချင်တယ်။ ကျုပ်ရဲ့ဘ၀က နေမထူး သေမထူးပါဗျာ…ဆိုရင်လည်း မင်းရဲ့သဘောအတိုင်းပါပဲ။
သူက တော်လှန်ရေးတခုမှာ D ရယ်၊ I ရယ်၊ P ရယ် အဲဒီ (၃)ခုရှိရင် အနိုင်ရမှာပဲ..တဲ့။ D က Defection တဲ့။ မြန်မာလိုပြောရင် ဘက်ပြောင်းခြင်းပေါ့ကွာ။ ခုဆို စ.ခတွေ၊ ရ.ခတွေ ပြည်သူတွေဘက် ခိုလှုံ ပြောင်းလာတာ (၁၅၀၀၀)ကျော်ပြီလို့ သိရတယ်။
ဒီမှာ အမေရိကန်စစ်တပ်ကနေ ဒု.ဗိုလ်မှူးအဆင့်နဲ့ အငြိမ်စားယူထားတဲ့ ဒေါ်မီမီဝင်းဘတ်ရဲ့ တင်ပြမှုလေးကို ပြောချင်သေးသကွ…။ သူက တော်လှန်ရေးတခုမှာ D ရယ်၊ I ရယ်၊ P ရယ် အဲဒီ (၃)ခုရှိရင် အနိုင်ရမှာပဲ..တဲ့။ D က Defection တဲ့။ မြန်မာလိုပြောရင် ဘက်ပြောင်းခြင်းပေါ့ကွာ။ ခုဆို စ.ခတွေ၊ ရ.ခတွေ ပြည်သူတွေဘက် ခိုလှုံ ပြောင်းလာတာ (၁၅၀၀၀)ကျော်ပြီလို့ သိရတယ်။ ဒါတောင် ဘက်ပြောင်းချင်ပေမဲ့ အဆက်အသွယ် မရရှိလို့၊ အခွင့်မသာသေးလို့ ဘက်မပြောင်းကြရတာ အများအပြားပါတဲ့…။
I က International Pressure တဲ့။ မြန်မာလိုတော့ နိုင်တကာ ဖိအား…တဲ့။ နိုင်ငံတကာ ဖိအားကတော့ ဒင်းတို့ဘက်က ရပ်တည်ပေးတာဆိုလို့ တကမ္ဘာလုံးမှာမှ လက်တဖက်တောင် ပြည့်အောင်မရှိပါဘူး။ လောလောဆယ် ထင်ရှားတာတွေ ပြရရင် ICC က ရာဇဝတ်ကောင်လို့ သတ်မှတ်ချက် ချလိုက်ပြီ။ ဖမ်း၀ရမ်းထုတ်ပေးဖို့ ရှိတော့တာရယ်…။ ဖမ်း၀ရမ်းကလည်း (၂)လ (၃)လအတွင်း သေချာပေါက် ထွက်ရှိလာမယ်လို့ ဆိုတယ်။ ICJ မှာ တရားစွဲနိင်ဖို့ ပူးပေါင်းလာကြတာ (၁၀)နိုင်ငံ ရှိလာပြီတဲ့။ ဆက်လက် ပူးပေါင်းလာကြလိမ့်မယ်။ ILO ကလည်း ၂၀၂၅ နှစ်လည်လောက်မှာ အရေးယူ ဒဏ်ခတ်လာလိမ့်ဦးမယ်။ တောင်ကိုရီးယားဆို NUG ကို အစိုးရတရပ်အဖြစ် ဆက်ဆံလာတာကို တွေ့ကြရတယ်။
P က People Support တဲ့။ ပြည်သူထူထု ထောက်ခံမှုပေါ့။ ပြည်သူထောက်ခံမှု ကတော့ (၉၉.၉)ရာခိုင်နှုန်း ရှိတယ်လို့ ဆိုရမယ်။ ဒါကြောင့်လည်း တူးမီးတွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးဟာ (၄)နှစ်ရာသီမှာ ဒီအခြေအနေအထား ရောက်ရှိခဲ့ကြတာပေါ့။ ပြည်သူတွေ အသက်သိန်းချီပြီး ပေးဆပ်ခဲ့ကြရတယ်။ သန်းချီပြီး ဘ၀တွေ ပေးဆပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒူးထောက် အရှုံး မပေးခဲ့ကြဘူး။ ခုဆိုရင် မြို့ပေါင်း(၁၀၀)နီးပါးထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ နိုင်ငံရဲ့ နယ်မြေ(၈၀)ရာခိုင်နှုန်းလောက်ကို လွှမ်မိုးနိုင်ခဲ့ပြီ။ ဒါတွေဟာ ပြည်သူထောက်ခံမှု အသီးအပွင့်တွေပေါ့။ ဟုတ်ကဲ့၊ စစ်အာဏာရှင် အမြစ်ဖြတ်တောက်ရေးဟာ DIP အဲဒီ(၃)ခု ပြည့်စုံနေလို့ သေချာပေါက် နိုင်မှာပါ။
ဒီတော့ ရာဇဝတ်ကောင် မ.အ.လရေ…မင်းအနေနဲ့ အီရတ်နိုင်ငံက ဆဒမ်ဟူစိန်လို အဖမ်းခံပြီး တရားစီရင်မှုအတိုင်း ကြိုးပေးကွပ်မျက်ခြင်း ခံချင်သလား…။ လစ်ဗျားနိုင်ငံက ကဒါဖီလို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးတာခံရပြီး ခွေးသေ ဝက်သေလို သေချင်သလား…။ ဒါမှမဟုတ် ဆီးရီးယားက အာဆတ်လို ရုရှားကို ထွက်ပြေးမယ်လား…။ မင်းကြိုက်ရာသာ တခုခု ရွေးချယ်ထားပေတော့ကွာ…။ မင်းကျရှုံးဖို့ ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။