Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျားမြီးဆွဲ စစ်ကောင်စီနဲ့ စစ်ကောင်စီ အမြီးဆွဲ တရုတ် (Opinion)

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းကြပါလို့ဆိုကာ နိုင်ငံတော်အာဏာကို လူသတ်လက်နက်နဲ့ လုယက်ထားတဲ့ တရားမဝင်စစ်ကောင်စီက ဖိတ်ခေါ်လိုက်တယ်။

 

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန်ခဲ့တာကြောင့် စစ်တပ်က အခြေခံဥပဒေနဲ့အညီ အာဏာလွှဲ ပြောင်းရယူလိုက်တယ်လို့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက မင်းအောင်လှိုင်အလွတ်ကျက်ထားတဲ့စကား အခုထပ်ပြောလာပြန်တယ်။

 

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးပါ သိပြီးသား။ ဒါကိုပဲ အာဏာသိမ်း ပြည်သူသတ် ဂုဏ်သိက္ခာကင်းမဲ့လှတဲ့ စစ်တပ်ကို မျက်နှာကြောတင်းတင်းနဲ့ ထောက်ခံနေတာက ရုရှားနဲ့ တရုတ်။ ရုရှားက ရှင်းတယ်။ စစ်ကောင်စီက သူတို့ရဲ့လက်နက်ဖောက်သည်မို့ ငွေရလို့ ထောက်ခံတယ်။ ရုရှားကိုယ်တိုင်က လည်း ကမ္ဘာကို စစ်မီးမွှေးနေတဲ့ အာဏာရှင်အကြီးစားမို့ စစ်ကောင်စီကို ဘာ့ကြောင့်ထောက်ခံရသလဲဆိုပြီး ကျိုး ကြောင်းဆင်ခြင်ပြမနေဘူး။ တည့်တည့်ပဲ။ ပြီးတော့ ရုရှားရဲ့ စစ်ကောင်စီအပေါ်ပံ့ပိုးနိုင်စွမ်းက လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပေးနိုင်တာနဲ့ ရုရှားကြီးက ငါတို့ဘက်တော်သားဆိုပြီး မင်းအောင်လှိုင်မော်ကြွားနိုင်တာထက် မပိုပါဘူး။ နောက်တစ်ချက် ရုရှားနဲ့မြန်မာက တည်နေရာကလည်း အဝေးကြီး။ ရုရှားရဲ့ အကျိုးစီးပွားကလည်း မြန် မာမှာဘာမှမရှိ။ မြန်မာမှာ ဘာဖြစ်ဖြစ် ရုရှားအတွက် ထိခိုက်စရာမရှိ။ ဒါ့အပြင် ရုရှားက ယူကရိန်းကျူးကျော်စစ် နဲ့တင် မီးဝိုင်းနေတာမို့ တခြားဘယ်နိုင်ငံရဲ့အရေးကိုမှ အရေးတယူ မလှည့်နိုင်။

 

မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ထောက်ခံတဲ့ နိုင်ငံတွေကို မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လေသတဲ့။ တရုတ်ရဲ့ စစ်ကောင်စီကို ထောက်ခံ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်လုပ်ငန်းစဉ်မှန်သမျှအပေါ် မသိချင်ယောင်ခြင်းကိုတော့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေး ကူညီဖြေရှင်းပေးနေသယောင်။ 

 

တရုတ်ကျတော့ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး။ တရုတ်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့အကျိုးစီးပွားတွေအတွက် လည်သလို လှည့်ပတ်ကစားရာကနေ အခုတော့ စစ်ကောင်စီ မပြိုလဲရေးသည် တရုတ်အရေး။ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံ၊ စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကိုလည်း ဘာအကူအညီပေးရဦးမလဲတဲ့။ ပြီးတော့ လုပ်လိုက်သေးတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့မရဘူးတဲ့။ ပြည်တွင်းစစ် မဖြစ်ဖို့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်က လည်မျိုညှစ်ထားပေးလိုက်သေးတယ်။ နောက်ထပ် ငါ့စကားနွားရ တစ်ခုရှိသေးတယ်။ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ထောက်ခံတဲ့ နိုင်ငံတွေကို မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လေသတဲ့။ တရုတ်ရဲ့ စစ်ကောင်စီကို ထောက်ခံ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်လုပ်ငန်းစဉ်မှန်သမျှအပေါ် မသိချင်ယောင်ခြင်းကိုတော့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေး ကူညီဖြေရှင်းပေးနေသယောင်။ အင်မတန်အရှက်အကြောက်ကင်းမဲ့စွာနဲ့ တရုတ်ပါးစပ်ပေါက်က ပြောထွက်တဲ့ စကားတစ်ခွန်းလည်း ရှိသေးတယ်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်ရဲ့မူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူ ပါသတဲ့။ ပြီးတော့ မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ပါဘူးလို့လည်း တရုတ်က ကြုံရင်ကြုံသလို ပြောတတ်သေး တယ်။

 

တရုတ်နဲ့ ရုရှားရဲ့ ခြားနားချက်က တရုတ်ဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ။ ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ ဂုဏ်သိက္ခာရှိတဲ့ အင်အားကြီးနိုင်ငံတစ်ရပ်အဖြစ်လည်း မော်ကြွားချင်တယ်။ ဒါ့ကြောင့် စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ရုရှားလို အကြောင်းပြချက်မဲ့ ဗြောင်ထောက်ခံတာမျိုး မလုပ်ဝံ့။ မြန်မာ့အရေး ပြဿနာများ ပြေလည်ရေးအတွက် စိတ်စေတနာကြီးစွာနဲ့ ကူညီပေးနေသလိုလို။

 

ဘာပဲဖြစ်ဖြစ် တရုတ်တို့ထုံးစံအတိုင်း သူ့အကျိုးစီးပွားတည့်တည့်ကိုပဲကြည့်တယ်။ တရုတ်ရဲ့ ပထမယုံ ကြည်မှုက နွေဦးတော်လှန်ရေးအပေါ် မြန်မာပြည်သူတွေ ဘယ်လောက်ထိ ပုံအောနေပါစေ၊ စစ်တပ်ကို တော်လှန် ရေးအင်အားစုတွေ အနိုင်တိုက်နိုင်စွမ်းမရှိဘူးတဲ့။

 

တရုတ်နဲ့ မြန်မာက အိမ်နီးချင်းတွေဖြစ်ပြီး တရုတ်အကျိုးစီးပွားတွေက မြန်မာမှာ အတန်အသင့်များတာကြောင့် မြန်မာ့ပြဿနာက တရုတ်အပေါ် ရိုက်ခတ်စေတာတော့ အသေအချာပဲဖြစ်တယ်။ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း။ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်အတွက် မြန်မာကိုဖြတ်ပြီး သွားမယ့် အိန္ဒိယသမုဒ္ဒ ရာကုန်သွယ်ရေးလမ်းကြောင်းသစ်။ တရုတ်အိပ်မက် အိန္ဒိယသမုဒ္ဒရာစိုးမိုးရေး မဟာဗျူဟာမှာ မြန်မာရဲ့ အရေးပါမှု။ ပစ္စက္ခအခြေအနေမှာကို တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ထားမှုတွေကြောင့် တရုတ်-မြန်မာ နယ် စပ်ကုန်သွယ်ရေး ပွဲပြီးနေတာကလည်း တရုတ်အတွက် ဘယ်အစာကျေပါ့မလဲ။

 

ဘာပဲဖြစ်ဖြစ် တရုတ်တို့ထုံးစံအတိုင်း သူ့အကျိုးစီးပွားတည့်တည့်ကိုပဲကြည့်တယ်။ တရုတ်ရဲ့ ပထမယုံ ကြည်မှုက နွေဦးတော်လှန်ရေးအပေါ် မြန်မာပြည်သူတွေ ဘယ်လောက်ထိ ပုံအောနေပါစေ၊ စစ်တပ်ကို တော်လှန် ရေးအင်အားစုတွေ အနိုင်တိုက်နိုင်စွမ်းမရှိဘူးတဲ့။

 

လောက်ကိုင်အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန်ကို ရှင်းပေးဖို့ တရုတ်ရဲ့ တောင်းဆိုမှုအပေါ်  စစ်ကောင်စီက ရူးချင်ယောင်ဆောင်နေလေတော့ ဆူးတောင်တွေထွက်လာတယ်။ ဒါနဲ့ ကျားဖြန်ကိုပါ ရှင်းပေးမယ်ဆို တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တော့ တရုတ်က ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေလိုက်တယ်။

 

၁၀၂၇ စစ်ဆင်ရေးက လားရှိုး မြို့နား ကပ်လာတဲ့အချိန် စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးသန်းဆွေက ဘေဂျင်းအထိသွားပြီး ခြေသလုံးဖက် တောင်းပန်မှ အပစ်အခတ်ရပ်ဖို့ တရုတ်ဖိအားပေးကာ ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာခဲ့တယ်။

 

၁၀၂၇ စစ်ဆင်ရေးက စစ်တပ်ဆိုတာ သေနတ်သာရှိပြီး အနိုင်တိုက်မယ်၊ အသေခံတိုက်မယ်ဆိုတဲ့ စစ်သား ဝိဉာဉ်ပျောက်ဆုံးနေကြောင်း အချိန်တိုအတွင်း အထုပ်ဖြေပြနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ကို ထိုးကွင်းတွေအပြည့် ၊ ဟိတ်ကြီးဟန်ကြီးအပြည့်နဲ့ မြင်နေရပေမဲ့ တိုက်ပွဲခရာကို စမှုတ်လိုက်တာနဲ့ ပြေးပေါက်ချောင်းနေတော့တာ ၁၀၂၇စစ်ဆင်ရေးမှာ ကောင်းကောင်းမြင်လိုက်ရတယ်။ စစ်တပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေလည်း ပျက်၊ ရှမ်း မြောက်ဒေသ တစ်မြို့ပြီး တစ်မြို့ကိုလည်း TNLAနဲ့ MNDAA လက်ထဲ ဝကွက်အပ်ရ။ ၁၀၂၇ စစ်ဆင်ရေးက လားရှိုး မြို့နား ကပ်လာတဲ့အချိန် စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးသန်းဆွေက ဘေဂျင်းအထိသွားပြီး ခြေသလုံးဖက် တောင်းပန်မှ အပစ်အခတ်ရပ်ဖို့ တရုတ်ဖိအားပေးကာ ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာခဲ့တယ်။

 

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ အင်မတန်ထုထည်ကြီးမားလှတဲ့ လောက်ကိုင်ကျားဖြန်ဂိုဏ်းကို ဖြို ခွင်းလိုက်နိုင်တာ တရုတ်အတွက် ကြီးကျယ်တဲ့အမြတ်အစွန်းပဲဖြစ်တယ်။ ပြီးတော့ တရုတ်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပါးစပ်အဟောင်းသားနဲ့ အသေအချာသိလိုက်တာက ဒီပုံအတိုင်းသာဆို စစ်ကောင်စီပြိုဖို့ သိပ် မဝေးတော့ဘူး ဆိုတာပါပဲ။

 

စစ်ကောင်စီ ဘယ်တော့မှမပြိုဘူးဆိုတာ အထိုင်ကနေ စစ်ကောင်စီပြိုသွားခဲ့ရင် ဆိုတဲ့အထိုင်ဘက် ပြောင်းကာ မြန်မာ့အလားအလာကို တရုတ်က ထပ်တွက်ချက်တယ်။ စစ်ကောင်စီသာပြိုရင် မြန်မာနိုင်ငံလည်း တစ်စစီ သူတလူငါတစ်မင်း ဖြစ်သွားတော့မယ်လို့ အဖြေထုတ်တယ်။

 

ဒါနဲ့ စစ်ကောင်စီ ဘယ်တော့မှမပြိုဘူးဆိုတာ အထိုင်ကနေ စစ်ကောင်စီပြိုသွားခဲ့ရင် ဆိုတဲ့အထိုင်ဘက် ပြောင်းကာ မြန်မာ့အလားအလာကို တရုတ်က ထပ်တွက်ချက်တယ်။ စစ်ကောင်စီသာပြိုရင် မြန်မာနိုင်ငံလည်း တစ်စစီ သူတလူငါတစ်မင်း ဖြစ်သွားတော့မယ်လို့ အဖြေထုတ်တယ်။ အဲဒီလို ဗရမ်းဗတာမြန်မာမှာ တရုတ်ရဲ့အကျိုးစီးပွားနဲ့ မျှော်မှန်းချက်တွေလည်း ဖြစ်ချင်တိုင်းဖြစ်သွားနိုင်မယ်လို့ နောက်ဆက်တွဲ ဆင်ခြင်မိဟန်တူတယ်။ 

 

ဒါနဲ့ စစ်ကောင်စီမပြိုလဲရေးဟာ တရုတ်ရဲ့ နောက်ဆုံးတိမ်းညွှတ်မှုဖြစ်လာပုံရတယ်။ ပြဿနာက မင်းအောင်လှိုင်ရဲ့ ကျပ်မပြည့်မှုအပေါ် တရုတ် ထိန်းလို့မရတာပဲ။ မင်းအောင်လှိုင်ရဲ့ ကျပ်မပြည့်တဲ့ တွက်ချက်မှုတွေအရ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီ ဆွဲဆုတ်ကာ တစ်ဖက်သတ်တိုက်ခိုက်မှုစတင်ခဲ့ခြင်းပဲဖြစ်တယ်။

 

စစ်တပ်က ကျည်စဖောက်ရာကနေ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်ပြီးမကြာ တိုက်တိုင်းရှုံး တပ်ရဲ့ အစဉ်အလာအရ တစ်မြို့ပြီးတစ်မြို့ ထိုးအပ်ခဲ့ရရုံတင်မက မာကျောပြီးအစဉ်အလာကြီးတယ်ဆိုတဲ့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ကိုတောင် တစ်လနဲ့အပြတ် MNDAA နဲ့ မဟာမိတ်တွေက အပြုတ်တိုက်ပြခဲ့တယ်။

 

အခု TNLA တိုက်နေတဲ့ နောင်ချိုမြို့နယ်၊ တောင် ခမ်းရွာက လက်ကျန် အမြောက်တပ်နှစ်တပ်သာ ကျသွားခဲ့ရင် ပြင်ဦးလွင်နဲ့ ရှမ်းတောင်ဘက်ခြမ်းလည်း နှာနှပ်ရမယ့် အခြေအနေ ဆိုက်သွားနိုင်တယ် မဟုတ်လား။

 

ဒုတိယအကျော့ ၁၀၂၇ နဲ့အတူ ရှမ်းမန်းစစ်ဆင်ရေး။ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်းနဲ့ စဉ့်ကူး စစ်ကောင်စီတပ် ဒူးနဲ့မျက်ရည်သုတ်ကာ ထိုးအပ်ခဲ့ရသေးတယ်။ အခု TNLA တိုက်နေတဲ့ နောင်ချိုမြို့နယ်၊ တောင် ခမ်းရွာက လက်ကျန် အမြောက်တပ်နှစ်တပ်သာ ကျသွားခဲ့ရင် ပြင်ဦးလွင်နဲ့ ရှမ်းတောင်ဘက်ခြမ်းလည်း နှာနှပ်ရမယ့် အခြေအနေ ဆိုက်သွားနိုင်တယ် မဟုတ်လား။

 

မျက်မြင် စစ်တပ် အခြေအနေနဲ့ စစ်ကောင်စီအလွန် သူတလူငါတစ်မင်း မြန်မာဆိုတဲ့ တရုတ်ရဲ့ တွက် ကိန်းအရ မြန်မာ့အရေးမှာ စစ်ကောင်စီဘက်ကနေ ပုံအောကာ ပြောင်ပြောင်တင်းတင်း သိက္ခာမဲ့ရတော့တယ်။ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို တရုတ်ထောက်ခံပစ်လိုက်တယ်။ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အတိအလင်း ခြိမ်းခြောက် လည်မျိုညှစ်ကာ တရုတ်လိုချင်တာ စစ်ကောင်စီ ပြိုလဲ ရေး မဟုတ်ကြောင်း ရာဇသံပေးခဲ့တယ်။ အခုနောက်ဆုံးမီဒီယာပလက်ဖောင်းပေါ်တက်လာတဲ့ သတင်းက တရုတ် ကနေမှာယူထားတဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်အသစ် ၆ စင်း ဩဂုတ်လအတွင်း စစ်ကောင်စီလက်ခံရရှိခဲ့ ခြင်းပါပဲ။ဆိုတော့ မြန်မာပြည်သူတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေမှုအပေါ် တရုတ်ကြီး ကလည်း ဂုဏ်ယူစွာနဲ့ ကိုယ်ထိလက်ရောက် ပံ့ပိုးပေးတဲ့သဘောပါပဲ။

 

ပြောရရင် တရုတ်ဟာ စစ်ကောင်စီမပြိုလဲစေရေးအတွက် နိုင်ငံရေးထောက်ခံမှုသာမက စစ်ရေးအရပါ ဝင် ကူကာ မြန်မာ့ပြည်တွင်းရေးကို အတိအလင်းဝင်စွက်နေခြင်းလည်း ဖြစ်တယ်။

 

တရုတ်ထောက်ခံမှု အကြီးကြီးရထားတဲ့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်ညပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တို့အနေနဲ့ လက်နက်စွန့်ကာ  ရွေးကောက်ပွဲမှာ ထောက်ခံ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီကမ်းလှမ်းချက်ကို တော်လှန်ရေးအင်အားစုတစ်ရပ်လုံးက ပြတ်ပြတ်သားသား ပယ်ချခဲ့လေတော့ မင်းအောင်လှိုင် တောက်ခတ်သံပြင်းပြင်းနဲ့ မောင်းတင်ရပြန်တယ်။

 

တိုက်စရာရှိတာ နာနာတိုက်မယ်၊ ရွေးကောက်ပွဲလည်း ရသလောက် ဖြစ်အောင်လုပ်မယ်၊ မရှုံးအောင် တရုတ်လည်း ကူပေးဆိုတာမျိုး။ စစ်ကောင်စီက ကျားမြီးဆွဲထားတယ်။တရုတ်က စစ်ကောင်စီအမြီးကို ဆွဲမိထားတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။