Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သန္ဓောမြင်း ခွာမလိပ်မိကြစေဖို့ (Opinion)

ရန်ကုန်မြို့မှာ စားအုန်းဆီ ဝယ်ယူခွင့်ရဖို့ အိမ်ထောင်စုစာရင်းပြပြီး "စားအုန်းဆီဝယ်ယူခွင့် မှတ်တမ်းစာအုပ်" လုပ်ကြရတယ်။ တပတ်မှာ အိမ်ထောင်တစုကို စားအုန်းဆီ ၅၀ ကျပ်သား ဝယ်ယူခွင့်ရမယ်။ စျေးက ၅၀ ကျပ်သားကို ၃၅၀၀ ကျပ်။ ဆုံဆီ တပိဿာကို ၂၅၀၀၀ ကျပ်နဲ့ နှိုင်းယှဥ်ရင်တော့ အကျိုးဆက် ရောဂါဘယတွေ ဖြစ်ပေါ်လာနိုင်တာတွေ ဘေးချိတ်ထား စျေးနှုန်းက အပုံကြီး သက်သာတာပေါ့။ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်က ဘယ်ကလာ အလကားရပါ့မလဲ။ တထောင်ကျပ် ပေးကြရတယ်။ 

 

"ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါး တောင်လို ပုံ" ဆိုတဲ့ သီချင်းဟာ နိမိတ်ဆောင် ရေးဖွဲ့ခဲ့တယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ ခုတော့ဖြင့် သရော်လှောင်ပြောင် ရေးဖွဲ့ခဲ့လေသလားလို့ ထင်မှတ်စရာ။ 

 

အေးလေ အိမ်တွေ နိမဲ့သက်သက် မီးရှို့ခံရ၊ အသက်ဘေး လွတ်မြောက်ဖို့ ထွက်ပြေး တိမ်းရှောင်ရ၊ လေကြောင်းရန် လက်နက်ကြီးတွေကြောင့် ကံမကုန်ဘဲ သေကြေကြရ၊ ရေဘေးဒဏ်ကို ရင်နင့်ကြေကွဲဖွယ် ခံစားကြရ၊ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ပြေးလွှားကြရ ဆိုတဲ့ ဒုက္ခဝေဒနာတွေ ရင်ဆိုင်ခံစားကြရတာနဲ့ နှိုင်းစာရင် စားဝတ်နေရေး ကျပ်တည်းကြရတာဟာ အပေါ်ယံ အပရိက ဒုက္ခဝေဒနာမျှပါပဲ။ အကောက်ထဲက အကွေးလေးတွေပေါ့လေ။

 

အဲဒီမှာ "ဝဋ်ရှိလို့ ခံနေကြရတယ်၊ မှတ်ပါ" လို့ ထင်ရာမြင်ရာ ပြောဟောနေကြတဲ့ သူတွေလည်း ရှိရဲ့။ ပြောထွက်တဲ့ သူတွေရဲ့ အသိဉာဏ် နုံ့နဲ့မှုဟာ အံ့သြလောက်စရာပါပဲ။ ဘယ်လောက်ထိ မေးမေးပြီး ပါးကို ဘယ်ပြန်ညာပြန် ရိုက်သင့်ကြပါသလဲ။ 

 

အဲဒီမှာ "ဝဋ်ရှိလို့ ခံနေကြရတယ်၊ မှတ်ပါ" လို့ ထင်ရာမြင်ရာ ပြောဟောနေကြတဲ့ သူတွေလည်း ရှိရဲ့။ ပြောထွက်တဲ့ သူတွေရဲ့ အသိဉာဏ် နုံ့နဲ့မှုဟာ အံ့သြလောက်စရာပါပဲ။ ဘယ်လောက်ထိ မေးမေးပြီး ပါးကို ဘယ်ပြန်ညာပြန် ရိုက်သင့်ကြပါသလဲ။ တကယ်တော့ နိုင်ငံအဝှမ်း ပြည်သူတွေ ရင်ဆိုင် ခံစားနေကြရတဲ့ ဒုက္ခဝေဒနာတွေ အားလုံးဟာ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ နဲ့ ဒင်းတို့ စစ်အာဏာရှင်တသိုက်ရဲ့ ကိုယ်ကျိုးအတွက် လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တရားတွေ ဖြစ်တယ်။ တခြား ဆင်ခြေဆင်လက် ပေးစရာ အကြောင်းမရှိ။ 

 

ဒါကြောင့်လည်း ပြည်သူတွေဟာ ရင်ဆိုင်ခံစားနေရတဲ့ ဒုက္ခအပေါင်းက ထာဝရ လွတ်မြောက်ဖို့ အနှစ် ၆၀ ကျော် သက်ဆိုးရှည်ခဲ့တဲ့ စစ်အာဏာရှင်တွေကို အမြစ်ပြတ်သည်အထိ တော်လှန်ဖို့ ဘဝတွေ အသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြတာ ဖြစ်တယ်။ အခုဆို တော်လှန်ရေးခရီးဟာ ၃ နှစ်ကျော် ၄ နှစ်တွင်း ရောက်ခဲ့ပြီ ဖြစ်တယ်။ ကမ္ဘာတည်သ၍ တည်တံ့ရမယ် ဆိုတဲ့ standard army အကြမ်းဖက် အဖွဲ့အစည်းကြီးဟာ ထိန်းချုပ်နယ်မြေတွေ၊ မြို့တွေ အမြောက်အမြား လက်လွှတ်လိုက်ရတဲ့အပြင် စိတ်ဓာတ်ရေးရာအရလည်း ပြန်လည် တည်ဆောက်လို့ မရအောင် တစစီ ကျိုးပဲ့ပျက်စီးသွားပြီ ဖြစ်တယ်။ ဒါကြောင့်လည်း ဒင်းတို့ဟာ ဆင်ခြင်တုံမဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတာ ဖြစ်တယ်။ ပြည်သူတွေရဲ့ အောင်မြင်မှုပန်းတိုင်က ရောက်ဖို့ မဝေးတော့။ 

 

ဒင်းတို့လက်ထက် စီးပွားရေး ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း နှစ်စဥ် တိုးတက်နေပါတယ်လို့ ပေါက်ပန်းလေးဆယ် စကားတွေ ပြောနေတာကို တွေ့ကြရတယ်။ လက်တွေ့ ဖြစ်စဥ်မှာတော့ အစပိုင်းက ပြောခဲ့သလို စားအုန်းဆီတောင်မှ ခွဲတမ်းစနစ်နဲ့  ရောင်းနေရပြီ မဟုတ်လား။

 

ဒီမှာ ဒင်းအနေနဲ့ ဒင်းတို့လက်ထက် စီးပွားရေး ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း နှစ်စဥ် တိုးတက်နေပါတယ်လို့ ပေါက်ပန်းလေးဆယ် စကားတွေ ပြောနေတာကို တွေ့ကြရတယ်။ လက်တွေ့ ဖြစ်စဥ်မှာတော့ အစပိုင်းက ပြောခဲ့သလို စားအုန်းဆီတောင်မှ ခွဲတမ်းစနစ်နဲ့  ရောင်းနေရပြီ မဟုတ်လား။ ပြီးတော့ အနေအထားအရ စျေးကွက်စီးပွားရေးအစား သမဝါယမစနစ်နဲ့ အစားထိုး ပြောင်းလဲသွားမယ်လို့ ပြောလာသေးရဲ့။ သမိုင်းဘီးကို နောက်ပြန် လှည့်ပတ်မယ့်သဘော။ သမိုင်းဘီးကို နောက်ပြန် လှည့်လို့မရ။ ဒါ့အပြင် သူခိုးတွေ ဦးဆောင်ကြတဲ့ ကာလမှာ သမဝါယမစနစ်ဟာ မိုးတွင်းကာလ သဲပုံစေတီ တည်တဲ့ အဖြစ်မျိုး ဖြစ်မှာပေါ့။ 

 

အဲဒီလို စီးပွားရေး ပြန်လည် နာလန်ထူအောင် မတည်ဆောက်နိုင်တဲ့ အချိန်မှာ စစ်အသုံးစရိတ်တွေ အတိုင်းအဆမရှိ သုံးစွဲနေတာလည်း တွေ့ကြရတယ်။ စစ်သုံးစရိတ်တွေ အတိုင်းအဆမရှိ သုံးစွဲနေလို့ စစ်ရေး အသာစီး ပြန်လည် ရရှိပါသလား ဆိုတော့လည်း တိုက်တိုင်းရှုံး၊ အလင်းဝင်၊ အလံဖြူထောင်၊ ခွေးပြေးဝက်ပြေး ဆိုတဲ့ ဂုဏ်ပုဒ်တွေသာ အဆင့်ဆင့် ရရှိနေကြလေရဲ့။ အဲဒီလို အဖွဲ့အစည်း ဆက်လက် ရပ်တည် အာဏာတည်မြဲနိုင်ပါ့မလားလို့ မေးလာရင် ခေါင်းကို ရိုက်ခွဲခံထိ၊ ဝမ်းဗိုက်မှာလည်း ထိုးစိုက်ခံထားရတာ ဓါးမြှောင်ကြီး တန်းလန်းနဲ့၊ ခြေမျက်စေ့မှာ မြွေပွေးက ကိုက်ခဲ ထားလိုက်တာ မလွတ်တမ်း၊ ရေကလည်း နစ်နေသေးရဲ့။ အဲဒီလူ အသက်ရှင်သန်နိုင်ပါ့မလားလို့ မေးမြန်းသလို ဖြစ်နေမှာပေါ့။

 

 နိုင်ငံရဲ့ နေရာအနှံ့ စစ်ရေးပစ်မှတ် မဟုတ်ဘဲ ပြည်သူတွေအပေါ် ဗုံးကြဲနေတဲ့ လေယာဥ်ဆီတွေကကော။ မင့်အမေလင် အိန္ဒိယက အလကားပေးနေသလားလို့ မေးလိုက်ချင်ရဲ့။ 

 

အခု လောလောဆယ် အနေအထားမှာ ခွေးရုပ်ဘူတာဘက် မိုးကြီးပြီး တောင်တွေပြိုလို့ ရွာတွေ အများအပြား လမ်းကြောင်းပိတ်၊ အဆက်အသွယ်တွေ ပြတ်နေကြသတဲ့။ လမ်းကြောင်းပိတ်တာက စက်ယန္တရားကြီးတွေ အကူအညီနဲ့မှ ရှင်းလင်းနိုင်မှာ ဖြစ်ပါသတဲ့။ စားနပ်ရိက္ခာ အကူအညီကို ရဟတ်ယာဥ်နဲ့ ပေးပို့မှ ရနိုင်ပါသတဲ့။ စက်ယန္တရားကြီးတွေ ရဟတ်ယာဥ်တွေ အပိုင်စီးထားတဲ့ ဒင်းတို့ အကြမ်းဖက် အဖွဲ့အစည်းက အသုံးပြု ကူညီသတဲ့လား။ စက်သုံးဆီ၊ လောင်စာဆီ မလုံလောက်ဘူးလို့ ပြောကြမယ့်ကောင်တွေ။ ဒီမှာ နိုင်ငံရဲ့ နေရာအနှံ့ စစ်ရေးပစ်မှတ် မဟုတ်ဘဲ ပြည်သူတွေအပေါ် ဗုံးကြဲနေတဲ့ လေယာဥ်ဆီတွေကကော။ မင့်အမေလင် အိန္ဒိယက အလကားပေးနေသလားလို့ မေးလိုက်ချင်ရဲ့။ တကယ့်ကို ရုပ်ပေါက်လွန်းတဲ့သူတွေပါဗျာ။ ဂေါတမဘုရားလက်ထက်ဆို သေချာပေါက် အယုတ်မာဆုံး ဧတဒဂ် ရကြမယ့်ကောင်တွေ။

 

ဒီမှာ ရ.မ.ခနဲ့ လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကလည်း NUG နဲ့ အဆက်အစပ် မလုပ်ပါဘူး။ မန္တလေးနဲ့ တောင်ကြီးမြို့တွေ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ပါဝင်ခြင်း မပြုပါဘူး။ တရုတ်ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းလမ်းအတိုင်း လျှောက်လှမ်းမယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ကိုတော့ ဆက်လက် ကိုင်စွဲထားမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တော့ လူမှုကွန်ရက်ပေါ်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်လာတယ်။ နိုင်ငံရေးနည်းနာအရ နားလည်သူတွေကတော့ နားလည်မှုတွေ ပေးစွမ်းလာကြတယ်။ ကောင်းတဲ့ အလားအလာပါပဲ။ 

 

ရ.မ.ခ ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အကြမ်းအဖက် အဖွဲ့အစည်းက သူခိုးက လူပြန်ဟစ် ဆိုတာလို MNDAA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်တယ်။ နောက် လူနေရပ်ကွက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတယ်။ အဲဒီမှာ MNDAA ရဲ့ ကြေညာချက် တကျော့ပြန် ထွက်ပေါ်လာတော့ အံ့အားသင့်သွားကြရတယ်။ ဒါပေမဲ့ မအလရဲ့ အကြမ်းဖက်အဖွဲ့အစည်းကတော့ ကြေညာချက် ထွက်ပြီးတဲ့ နောက်ပိုင်းမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ဆဲပဲ။ MNDAA ကတော့ ငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေ ဖြစ်စေလိမ့်မယ်လို့ ပြောနေလေရဲ့။ 

 

ဒီအကြောင်းအရာမှာ MNDAA အနေနဲ့ တရုတ်ရဲ့ဖိအားကို မလွန်ဆန်နိုင်တာကို တွေ့ကြရတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ မ.အ.လ အကြမ်းဖက်အဖွဲ့အစည်းဟာ သူ့ရဲ့ဖိအားကို အလေးမထားဘူး ဆိုတာလည်း နားလည်ထားသင့်တယ်။ 

 

ဒီအကြောင်းအရာမှာ MNDAA အနေနဲ့ တရုတ်ရဲ့ဖိအားကို မလွန်ဆန်နိုင်တာကို တွေ့ကြရတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ မ.အ.လ အကြမ်းဖက်အဖွဲ့အစည်းဟာ သူ့ရဲ့ဖိအားကို အလေးမထားဘူး ဆိုတာလည်း နားလည်ထားသင့်တယ်။ ဒါ့ပြင် အကြမ်းဖက်အဖွဲ့အစည်းဟာ ဆွေးနွေးအဖြေရှာရေးထက် အပြုတ်တိုက်ရေး လမ်းစဥ်ကို သွားနေပြီဆိုတာ သိထားသင့်တယ်။ ရွေးကောက်ပွဲကိုပဲ ထွက်ပေါက်တခု အဖြစ် သဘောထား ရည်ရွယ်ထားတယ် ဆိုတာ နားလည်ထားသင့်တယ်။ သိရှိပြီးသားလည်း ဖြစ်မှာပါ။ ဒီတော့ တရုတ်အနေနဲ့ မြန်မာအပေါ် ထားရှိတဲ့ ပေါ်လစီကို ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။

 

ဒီလိုမှ မဟုတ်ရင်တော့ အသေအချာ စီမံချက်ပြုတ်ထားတဲ့ ဟင်းခွက်ထဲ မစင်တစက် ကျသွားလို့ လွှင့်ပစ်လိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရပေလိမ့်မယ်။ မြန်မာစကားမှာတော့ "သတိမမူ ဂူမမြင်" ဆိုပြီး ရှိလေရဲ့။

 

MNDAA အနေနဲ့လည်း လောက်ကိုင်မြို့ကို ပြန်လည် ရရှိထားရုံမက လားရှိုးမြို့အထိ တက်ရောက် သိမ်းပိုက်နိုင်ခဲ့တာဟာ ကိုယ်စွမ်းတင်မက ညောင်စွမ်းလည်း ပါရှိတယ်ဆိုတာ သိရှိထားကြပြီး ဖြစ်ပါလိမ့်မယ်။ ထူးပြီး ပြောစရာ ရှိမယ် မထင်ပါဘူး။ မိမိတို့ နယ်မြေ လွတ်မြောက်ပြီး စစ်အာဏာရှင် အမြစ်မပြတ်သမျှ မိမိတို့နယ်မြေဟာလည်း ထာဝရ လွတ်မြောက်ငြိမ်းချမ်းမယ့် အခြေအနေ မဟုတ်ဘူးဆိုတာကို သမိုင်းပေးအသိအရ သိကြမှာပါ။ ဒီတော့ မိမိတို့အနေအထားအရ စဥ်းစားတွေးခေါ် လုပ်ဆောင်ကြဖို့ပါပဲ။ 

 

ငါတို့ဟာ ရွေးကောက်ခံ ပြည်ထောင်စုအစိုးရဖြစ်တယ်ဆိုတဲ့ အပေါ်စီးဆန်မှုတွေကို ဖြေလျှော့ရမှာပါ။ ဗမာအများစု​နေထိုင်ရာ ပြည်မသည်လည်း တခုလုံးထဲက အစိတ်အပိုင်းတခုမျှပဲ ဆိုတာကို လက်ခံထားရမှာပါ။ 

 

ဒီမှာ NUG အနေနဲ့လည်း ပြည်ထောင်စုတခုလုံး လွှမ်းခြုံ အစိုးရအဖြစ် ခံယူထားမှုအပေါ် ပြန်လည် ဆန်စစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြောရတာ NUG ထဲမှာ NLD သန္ဓေကနေ အခြေခံထားလို့ပါပဲ။ နွေဦးတော်လှန်ရေး အစမှာတင်ကတည်းက ၂၀၀၈ ခြေ/ဥ ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ ၂၀၀၈ ခြေ/ဥ ဘောင်အတွင်းက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာလည်း ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ ငါတို့ဟာ ရွေးကောက်ခံ ပြည်ထောင်စုအစိုးရဖြစ်တယ်ဆိုတဲ့ အပေါ်စီးဆန်မှုတွေကို ဖြေလျှော့ရမှာပါ။ ဗမာအများစု​နေထိုင်ရာ ပြည်မသည်လည်း တခုလုံးထဲက အစိတ်အပိုင်းတခုမျှပဲ ဆိုတာကို လက်ခံထားရမှာပါ။ လက်ရှိအနေအထားက ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အတူ စစ်ကျွန်ဘ၀က လက်တွဲပြီး ရုန်းထွက်ကြရမှာပါ။ ဒါမှလည်း နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ် ရှင်သန်နေခဲ့တဲ့ စစ်အာဏာရှင်တွေကို အမြစ်ပြတ်တော်လှန်ကြတဲ့ “ခေတ်ပြောင်းတော်လှန်ရေးသမိုင်း” အဖြစ် ပုံပေါ်လာမှာ ဖြစ်ပါတယ်။။

 

အဲဒီမှာ ပြည်မတခွင်က ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း​တွေကို တစုတစည်း ဖြစ်ဖို့ အ​လျင်အမြန် လိုအပ်ပါတယ်။ သည်တာ၀န်အရပ်ရပ်ဟာ NUG ရဲ့ ပုခုံးပေါ်မှာ ကျရောက်နေပါတယ်။ သည့်အတွက် စိုက်လိုက်မတ်တတ် ကြိုးပမ်းအားထုတ်သွားဖို့ လိုအပ်ပါတယ်။ အခုဆို ချင်းဘက်မှာလည်း အချင်းချင်းကြားမှာ တစုံတရာ နားလည်မှု ရယူထားကြပါပြီ။ ကရင်နီဘက်မှာတော့ ဖက်ဒရယ်မူတောင် ရေးဆွဲပြီးပေါ့။ KIA, TNLA နဲ့ AA တို့က ညီညွတ်ပြီးသားပါ။ သမ္ဘာရင့် KNU ကတော့ တိုက်ပွဲသတင်းနဲ့ နယ်မြေစိုးမိုးနိုင်မှုအပေါ် သတင်းလျှို့ဝှက်ထားပုံရပြီး တရွေ့ရွေ့ သွားနေပါတယ်။ အားလုံး စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး လမ်းကြောင်းပေါ်ကို အတူတကွ ရောက်ရှိဖို့ လိုပါတယ်။ ပြည်မတကြောမှာ ညီညွတ်မှု အားနည်းတာနဲ့ တော်လှန်ရေး အထနှေးနေမှုဟာ NUG အပေါ်မှာ လုံး၀ တာ၀န်ရှိပါတယ်။

 

အောင်မြင်မှုပန်းတိုင် နီးကပ်လာပါပြီ။ ဒီ့အတွက်​ကြောင့် တော်လှန်ရေးအပေါ် ပိုမို အလေးအနက်ထားကာ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့​တွေ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာ စုစည်းညီညွတ်မှု အင်အားတရပ်ဖြစ်​အောင် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ သိန္ဓောမြင်း ခွာမလိပ်ကြဖို့ လိုအပ်လှကြောင်းပါ။

~~~~ 

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။