ကိုယ်ကျိုးအတွက် လုပ်ကိုင်နေပြီး အများအတွက် လုပ်ကိုင်နေသယောင်။ လိမ်ညာနေတဲ့ စကားတွေ ဆိုတာ သိနေလျက် မှန်တဲ့ သစ္စာစကား ပြောနေသယောင်။ အဲဒီလို လူစားမျိုးတွေကို ခေတ်ကာလ စကားအရ "ရုပ်ပေါက်လွန်းပါတယ်" လို့ ပြောဆိုတတ်ကြတယ်။ "ရုပ်ပေါက်လွန်းတယ်" ဆိုတာ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်လို့ အဖျားဆွတ် ပြောလိုက်တာပါ။ အပြည့်အစုံ ပြောရရင်တော့ လူဖြစ်နေပြီး လူစိတ်ကင်းမဲ့ကာ တိရစ္ဆာန်လို ဖြစ်နေပြီလို့ ပြောလိုခြင်းပါပဲ။
အခုလည်း လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ မင်းကို "ရုပ်ပေါက်လွန်းတယ်" လို့ ပြောရတော့မယ်။
ဟုတ်တယ်လေကွာ၊ မင်းတို့က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းကြီးနဲ့ လက်နက်မဲ့တဲ့ ပြည်သူတွေကို နှိပ်ကွပ်လိုက်ရင် လွန်ရောကျွံရော (၁) နှစ်လောက်နဲ့ ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လရောက်ရင် ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေ ပြင်ဆင်မယ်လို့ ပြောခဲ့ကြတာပေါ့။ မင်းတို့ အကြမ်းဖက် အဖွဲ့အစည်းက ဆင်သွားရင် လမ်းဖြစ်မယ်လို့ အပိုင်တွက်ထားကြတာကိုးကွ။ ခုတော့ ဆင်သွားလို့ လမ်းပျက်တဲ့ အဖြစ်ဆိုးနဲ့ တိုးနေရပြီ မဟုတ်လား။
ဘယ်မှာ ပြည်သူ့တော်လှန်ရေးကြီးက ငြိမ်ဝပ်ပိပြားသွားလို့လဲ။ မင်းတို့ရဲ့ ကြည်းတပ် စစ်ဌာနချုပ်ကြီးတွေ၊ ရေတပ်စခန်းကြီးတွေတောင် လက်လွှတ်ဆုံးရှုံးရသည်အထိ ဆိုးဝါးလာတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ မဟုတ်လား။
ကြည့်လေ ၂၀၂၄ ခုနှစ်တောင် မကြာခင် ကုန်လုတော့မယ်၊ ဘယ်မှာ ပြည်သူ့တော်လှန်ရေးကြီးက ငြိမ်ဝပ်ပိပြားသွားလို့လဲ။ မင်းတို့ရဲ့ ကြည်းတပ် စစ်ဌာနချုပ်ကြီးတွေ၊ ရေတပ်စခန်းကြီးတွေတောင် လက်လွှတ်ဆုံးရှုံးရသည်အထိ ဆိုးဝါးလာတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ မဟုတ်လား။ သင်သေတော့မည် တရက်သာ လိုတော့သည် ဆိုတဲ့ အဖြစ်မျိုး။
ဒီမှာ မင်းတို့အဖြစ်က မင်းတုန်းမင်းသားသာ ဘုရင်ဖြစ်လာရင် မင်းဆရာနဲ့ မိဖုရားခေါင်ကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ကြတဲ့ ဆရာတော်နဲ့ မိဖုရားရဲ့ အဖြစ်မျိုးလိုပါပဲကွာ။ မင်းတုန်းမင်းကသာ မင်းတရားကြီး ဖြစ်လာခဲ့ပေမဲ့ မင်းဆရာဖြစ်မယ်လို့ မျှော်လင့်ခဲ့တဲ့ ဆရာတော်လည်း မင်းဆရာ ဖြစ်မလာ၊ မိဖုရားခေါင်ကြီး ဖြစ်မယ်ထင်ခဲ့တဲ့ မိဖုရားလည်း မိဖုရားခေါင်ကြီး ဖြစ်မလာ။ နှမ်းထွက်နဲ့ မှန်းချက်က တလွှာစီ ဖြစ်နေတာပေါ့ကွာ။ ဒီတော့ ဆရာတော်က ပြောရှာသတဲ့၊ "ထင်သာ ထင်၊ မဝင်ဘူး ကျောင်းအစ်မရေ" တဲ့။ ခုလည်း မင်းတို့ စစ်အာဏာရှင်တွေအနေနဲ့ "ထင်သာ ထင် မဝင်ဘူး" ကိန်း ဆိုက်နေရုံမက ခွေးကျ ဝက်ကျပဲ ကျမလား၊ ခွေးပြေး ဝက်ပြေးပဲ ပြေးရမလား ဖြစ်နေကြပြီ မဟုတ်လား။
မင်းတို့က လူငယ်တွေကို အတင်းအဓမ္မ စစ်ကျွန်တွေအဖြစ် သွတ်သွင်းလာကြတယ်။ လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ကွ။ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေကြတဲ့ သူတွေဟာ နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးနေကြတဲ့ သူတွေပဲကွ။
ဒီမှာ မင်းတို့ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံနဲ့ လူမျိုးကို စိုးစဥ်းမျှ ချစ်ကြသေးတယ် ဆိုရင် တစုံတခုသော အဆင်ပြေစေနိုင်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ကြတာပေါ့ကွာ။ အခုတော့ မင်းတို့က မင်းတို့ရဲ့ အာဏာတည်မြဲရေး တခုတည်းကိုသာ စဥ်းစားပြီး "ဘယ်သူသေသေ ငတေမာရင် ပြီးရော" ဆိုတဲ့ လမ်းစဥ်ကိုသာ တဖက်ပိတ် မိုက်မဲစွာ လျှောက်လှမ်းနေကြတာလေ။ ဒီတော့ ဒို့ပြည်သူတွေအနေနဲ့လည်း "စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး" လမ်းကို အရင်းအနှီး များစွာ ပေးဆပ်ပြီး မလွဲမသွေ လျှောက်လှမ်းကြရတော့မှာပ။ တခြားလမ်း ရွေးချယ်စရာ မရှိတော့။
အစပိုင်းတုန်းက "မျက်ကန်း တစ္ဆေ မကြောက်ကြသူတွေ" "အုတ်နံရံကို တိုက်ဖြိုလှဲချင်ကြသူတွေ" လို့ ပြောဆို ခံခဲ့ရတာပေါ့ကွာ။ ဒါပေမဲ့ ပြည်သူတရပ်လုံးရဲ့ ညီညွတ်တဲ့ အင်အားနဲ့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုကြောင့် ခုတော့ဖြင့် မင်းတို့ စစ်အာဏာရှင်တွေ အုပ်ချုပ်လို့ မရတော့ရုံမက အမြစ်ပြတ်တော့မယ့်ကိန်း ဆိုက်ရောက်နေပြီ မဟုတ်ပါလား။ အဲဒီမှာ မင်းတို့က လူငယ်တွေကို အတင်းအဓမ္မ စစ်ကျွန်တွေအဖြစ် သွတ်သွင်းလာကြတယ်။ လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ကွ။ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေကြတဲ့ သူတွေဟာ နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးနေကြတဲ့ သူတွေပဲကွ။
"မစားရတဲ့ အမဲ၊ သဲနဲ့ပက်" ဆိုတာလို မင်းတို့က မင်းတို့ လက်လွှတ်ရတဲ့ မြို့ ရွာ နယ်ပယ်တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ပြည်သူတွေသာ နေထိုင်ကြမှန်း သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြတယ်။
ဒါ့ပြင် "မစားရတဲ့ အမဲ၊ သဲနဲ့ပက်" ဆိုတာလို မင်းတို့က မင်းတို့ လက်လွှတ်ရတဲ့ မြို့ ရွာ နယ်ပယ်တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ပြည်သူတွေသာ နေထိုင်ကြမှန်း သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြတယ်။ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ သေဆုံးကြရတယ်။ တကယ်တော့ လေကြောင်းပစ်ကူ ဆိုတာ နယ်မြေ ပြန်လည်စိုးမိုးရေးထက် အဖျက်စွမ်းအားသာ ဖြစ်ထွန်းစေတာပါကွာ။ ဒါကို သိသိကြီးနဲ့ မင်းတို့ စစ်အာဏာရှင်တွေက နိစ္စဓူဝ ပြုကျင့်ကျူးလွန်နေကြတယ်။ ရုပ်ပေါက်လွန်းလှပါတယ်ကွာ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒင်းတို့အနေနဲ့ ပြည်သူတွေရဲ့ အရှိန်ကောင်းလွန်းလှတဲ့ တော်လှန်ရေးလမ်းကြောင်းကို နှောင့်ယှက်ရုံက လွဲလို့ မဟန့်တားနိုင်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း အောင်မြင်မှုပန်းတိုင်ကို ထင်ထင်ရှားရှား တွေ့မြင်နေကြပြီမို့ အားသွန်ခွန်စိုက် ချီတက်ကြတော့မယ်လေ။ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး မုချမသွေ သေချာပေါက် အောင်မြင်တော့မယ်။ အဲဒီမှာ ရှေ့ဆောင်ဦးရွက် ပြုကြသူတွေလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နေကြသူတွေအနေနဲ့ မဝေးတော့တဲ့ အနာဂတ်ခရီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိထားသင့်ကြပြီ ဖြစ်ပါတယ်။
အထူးသဖြင့် ဗမာတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ရှေ့ဆောင်နေတယ်ဆိုတဲ့ NUG ကို ပြောချင်ပါတယ်။ မပြောခင် ကြော်ငြာလေး ဝင်ပါရစေ။
NUG မှာ ရှေ့ဆောင်နေကြတဲ့သူတွေက တလကို ဘတ် ခြောက်သောင်း ရယူထားတယ်လို့ သိရတယ်။ မြန်မာငွေနဲ့ဆို လက်ရှိပေါက်စျေးအရ ကျပ် သိန်းကိုးဆယ် ကျော်ပေါ့။ လိုအပ်လို့ ညှိနှိုင်း ယူထားကြတယ်လို့ပဲ နားလည်ရပါတယ်။
တနေ့က ထိုင်းရောက်နေတဲ့ သူငယ်ချင်းက ထိုင်းဘတ်ငွေ နှစ်ထောင် ထောက်ပံ့ကူညီလိုက်တယ်။ မြန်မာငွေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရရှိတယ်ပေါ့။ အဲဒီငွေပမာဏက လုံလောက်တယ်လို့ မဆိုသာသည့်တိုင် တလအတွက်တော့ အသက်ရှင်နိုင်အောင် စားသောက်နေထိုင်လို့ ရတယ်။ ထားပါတော့။
NUG မှာ ရှေ့ဆောင်နေကြတဲ့သူတွေက တလကို ဘတ် ခြောက်သောင်း ရယူထားတယ်လို့ သိရတယ်။ မြန်မာငွေနဲ့ဆို လက်ရှိပေါက်စျေးအရ ကျပ် သိန်းကိုးဆယ် ကျော်ပေါ့။ လိုအပ်လို့ ညှိနှိုင်း ယူထားကြတယ်လို့ပဲ နားလည်ရပါတယ်။ NUG အနေနဲ့ KIA, MNDAA, TNLA, AA, KNU, KNDF, CNF တို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆိုတဲ့ တခုတည်းသော ဘုံသဘောတူညီချက် အပေါ်ကနေ စုစည်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မလွယ်ကူနိုင်တဲ့ ကိစ္စ ဆိုပေမဲ့ မဖြစ်မနေ တည်ဆောက်ဖို့တော့ လိုအပ်ပါတယ်။ ABSDF နဲ့ MOU လုပ်နိုင်တာ၊ AA နဲ့ လက်တွဲနိုင်တော့မယ့် အနေအထားရောက်နေပြီဆိုတာ ကြားသိရတော့ အားရကျေနပ်လှပါတယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ နားလည်တဲ့ ချိတ်ဆက်မှုတွေ ရှိထားဖို့ လိုအပ်ပါတယ်။
သိကြတဲ့အတိုင်း မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့နဲ့ BPLA, PLA, MPDF တို့ ပူးတွဲပါဝင်ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုတွေ ရရှိခဲ့တာဟာ ညီညွတ်တဲ့ ပေါင်းစည်းမှုအား ဖြစ်ပါတယ်။ အဲဒီလိုပဲ သပိတ်ကျင်း၊ စဥ့်ကူး စစ်ဆင်ရေးတွေ၊ အင်းတော် ပင်လည်ဘူး စစ်ဆင်ရေးတွေ အောင်မြင်မှု ရရှိခဲ့တာဟာလည်း KIA ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ညီညွတ်စွာ ဖော်ဆောင်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။
သူတို့အနေနဲ့ ဗမာတိုင်းရင်းသားတွေအပေါ် သံသယစိတ်တွေ ရှိနေတတ်ကြတယ်။ လက်ရှိ တော်လှန်ရေး ဖြတ်သန်းနေချိန်မှာတော့ အဲဒီ သံသယစိတ်တွေ လွင့်ပြယ်စပြုလာပြီလို့ ခန့်မှန်းမိပါတယ်။
ပြည်နယ်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ ပြည်နယ်တခုတည်း လွတ်မြောက်နေရုံနဲ့ ထာဝရ ငြိမ်းချမ်းမှု မရနိုင်ဘူး ဆိုတာ ကို သမိုင်းသင်ခန်းစာတွေအရ သိရှိ နားလည်ထားပြီး ဖြစ်ကြတယ်။ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ထာဝရငြိမ်းချမ်းရေးကို ပိုင်ဆိုင်နိုင်မယ် ဆိုတာလည်း သိရှိထားပြီး ဖြစ်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဗမာတိုင်းရင်းသားတွေအပေါ် သံသယစိတ်တွေ ရှိနေတတ်ကြတယ်။ လက်ရှိ တော်လှန်ရေး ဖြတ်သန်းနေချိန်မှာတော့ အဲဒီ သံသယစိတ်တွေ လွင့်ပြယ်စပြုလာပြီလို့ ခန့်မှန်းမိပါတယ်။ စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှုတွေကိုလည်း နိုင်ငံတဝှမ်းလုံး သိနားလည်ကြပြီလည်း ဖြစ်ပါတယ်။
အဲဒီ အခွင့်အခါကောင်းကို လက်လွတ်မခံဘဲ NUG အနေနဲ့ စုစည်းညီညွတ်မှု ရအောင် တည်ဆောက်နိုင်ဖို့ အရှိန် မြှင့်တင်ရပါမယ်။ တဆက်တည်းမှာ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ဖို့ အရေးတကြီး လိုအပ်လာပြီ ဖြစ်ပါတယ်။ ဖက်ဒရယ်ချာတာလောက်နဲ့ သွားနေမှုဟာ ခရီးဖင့်နေပုံ ရတယ်လို့ ထင်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရှိထားပါမှ တော်လှန်ရေးကြီး အပြီးသတ်သွားတာနဲ့ တပြိုင်နက်တည်း ပြန်လည်ထူထောင်ရေးကို အလျင်အမြန် တည်ဆောက် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆောင်ကြတဲ့ သူတွေအနေနဲ့ "ရုပ်ပေါက်လွန်းတဲ့ သူတွေ" မဖြစ်ကြဖို့၊ အထူး စောင့်ထိန်းကြဖို့ လိုအပ်ပါတယ်။ စေတနာစကားပါ။
ဒင်းတို့ လက်ဝါးကြီးအုပ် လုပ်ကိုင်စားသောက်နေတဲ့ ရမည်းသင်း အရှေ့ပိုင်း မိုးထိမိုးမိ ရွှေလုပ်ကွက်ဝန်းကျင်မှာ ပြည်သူတွေ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရတယ်။ ပိုမို အထိနာခဲ့ကြရတယ်။ အဲဒီမှာ ဒင်းတို့က လူလုံးပြရုံသာ ပြခဲ့ကြပြီး ဘယ်မှာ အင်တိုက်အားတိုက် ကူညီကယ်ဆယ်မှုတွေ လုပ်ခဲ့ကြလို့လဲ။
လောလောဆယ်တော့ ရေဘေးဒုက္ခကို ခါးစည်းခံနေကြရပြန်တယ်။ ပြောရရင်တော့ ရေဘေးဒုက္ခကလည်း အာဏာရှင် အဆက်ဆက် သူတို့အာဏာ တည်မြဲရေးကိုသာ ရှေးရှုပြီး ဆင်ခြင်တုံမဲ့စွာ သစ်တောတွေ ပရမ်းပတာ ခုတ်၊ ဆည်တွေ ပရမ်းပတာ ဆောက်ခဲ့ကြလို့ ဖြစ်လာတဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်ပါပဲ။ အခုလည်း ဒင်းတို့ လက်ဝါးကြီးအုပ် လုပ်ကိုင်စားသောက်နေတဲ့ ရမည်းသင်း အရှေ့ပိုင်း မိုးထိမိုးမိ ရွှေလုပ်ကွက်ဝန်းကျင်မှာ ပြည်သူတွေ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရတယ်။ ပိုမို အထိနာခဲ့ကြရတယ်။ အဲဒီမှာ ဒင်းတို့က လူလုံးပြရုံသာ ပြခဲ့ကြပြီး ဘယ်မှာ အင်တိုက်အားတိုက် ကူညီကယ်ဆယ်မှုတွေ လုပ်ခဲ့ကြလို့လဲ။ အရှိန်အဟုန်မပျက် ပြည်သူတွေကိုသာ ဗုံးကြဲ သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား။ ရုပ်ပေါက်လွန်းလှပါတယ်။
ဒီမှာ ရုပ်ပေါက်လွန်းတဲ့ သူတွေဟာ ဘယ်တော့မှ ရေရှည် တည်တံ့နိုင်လိမ့် မဟုတ်ပေဘူး။ "ခွေးရူးကောင်းစား တမွန်းတည့်" ဆိုတာလို တနေ့မပြောနဲ့ တမွန်းတည့်တောင် မခံနိုင်ပါဘူး။ နေ့တဝက်မျှနဲ့ ပျက်စီးကြမှာပါ။ စစ်အာဏာရှင်တွေက ရုပ်ပေါက်လွန်းတဲ့ သူတွေ ဆိုတော့ မလွဲမသွေ မုချ ပျက်စီးကျရှုံးကြရမှာပါပဲ။ အဲဒီလိုပဲ တော်လှန်ရေးအတွင်း ပါဝင်ဆင်နွှဲနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း ပြည်သူတွေအတွက် မျက်နှာမူကြဖို့ပဲ လိုအပ်လှကြောင်းပါ။ ရုပ်ပေါက်ကြမယ် ဆိုရင်တော့ ကိုယ့်သမိုင်းနဲ့ ကိုယ်သာ ဖြစ်ကြောင်းပါဗျား။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။