မကြာသေးတဲ့လက ထုံးစံအတိုင်း သခွပ်တွေ လှိုင်လှိုင်ပွင့်တယ်။ ငယ်ငယ်က အညာဒေသမှာပဲ ပွင့်တာ မြင်ဖူး ကောက်ဖူးတာကြောင့် အဲဒီတုန်းက သခွပ်ပွင့်ကောက်ရတဲ့ ပျော်စရာအခိုက်အတန့်က ဒီအသက်အရွယ်အထိ မေ့မရခဲ့ဘူး။ မဲဆောက်မှာ သခွပ်ပင်တွေ နေရာတိုင်းလိုလို တွေ့ရတော့ အညာဒေသကို ပြန်ရောက်ရသလိုပဲ။ သခွပ်တွေ ပွင့်ပြီဆို အပင်အောက်မှာ ပန်းမွေ့ယာကြီး ခင်းထားသလို ဖွေးလို့။
မနက် ၈ နာရီကျော်လောက် ကျနော် ကလေးကို ကျောင်းသွားပို့တိုင်း လမ်းတဖက်က သခွပ်ပင်တန်းတွေဆီကနေ အကြည့်မခွာနိုင်ခဲ့ဘူး။ စိုလက်နေတဲ့ သစ်ရွက်တွေကို ထမ်းတင်ထားတဲ့ အပင်တွေအောက် ပြန့်ကျဲနေတဲ့ အပွင့်တွေက ကျနော့်ကို အမြဲလက်ယက်ခေါ်နေတာပဲ။ အပွင့်တွေ မတုန်းခင် တစ်နေ့တော့ ကျနော် သွားကောက်မယ်လို့ တေးထားလိုက်တယ်။
တစ်ခုရှိတာက အဲဒီဘက်က ဝင်ရင် ခွေးရှိတဲ့ အိမ်ရှေ့ကနေ ဖြတ်ရတာပါပဲ။ သခွပ်ပင်တန်းတွေကတော့ အဲဒီအိမ်ခြံဝန်းနဲ့ အနည်းငယ် အလှမ်းဝေးပြီး မြေနီလမ်းဘေးမှာ အလေ့ကျပေါက်တဲ့ အပင်မျိုးတွေပါ။ အရင်က အဝေးကနေ တွေ့မိတဲ့ ခွေးနှစ်ကောင်ကို မတွေ့တာကြောင့် ပါမယ်။
တစ်ရက် ကျောင်းပို့ပြီးအပြန် ကြိုတင်ဆုံးဖြတ်ထားတာ မရှိဘဲ သခွပ်ပွင့်တွေ သွားကောက်ဖို့ ရုတ်တရက် အတွေးပေါ်လာတယ်။ တကယ်က သခွပ်ပွင့်တွေ ကောက်မယ်ဆို လမ်းဘေးမှာ e bike ကို ရပ်ပြီး အပင်တွေအောက် သွားကောက်လိုက်ရုံပဲ ဖြစ်ရမှာ။ အခုက ကတ္တရာလမ်းနဲ့အပြိုင် လမ်းတဖက်ရှိ အပင်တွေရှိရာ မြေနီလမ်းကိုရောက်ဖို့ ပြန်လာတဲ့လမ်းရဲ့ ညာဘက်ကို နည်းနည်းချိုးကွေ့သွားလိုက်တာနဲ့ ရောက်ပြီ။ အဲဒီတုန်းက သွားဖို့ အတွေးမပေါ်ခဲ့ဘူး။ ပေါ်တဲ့အချိန်ကလည်း အဝေးပြေးလမ်းဆုံရောက်ကာနီးမှဆိုတော့ လမ်းဆုံရောက်ပြီး ညာဘက်ထဲ ပြန်ချိုးကွေ့လိုက်ရင် သခွပ်ပင်တန်းတွေဆီ ရောက်တယ်။ သခွပ်ပင်တွေက နှစ်ချို့အပင် ၄ ပင် ခပ်ခွာခွာတန်းလို့။
တစ်ခုရှိတာက အဲဒီဘက်က ဝင်ရင် ခွေးရှိတဲ့ အိမ်ရှေ့ကနေ ဖြတ်ရတာပါပဲ။ သခွပ်ပင်တန်းတွေကတော့ အဲဒီအိမ်ခြံဝန်းနဲ့ အနည်းငယ် အလှမ်းဝေးပြီး မြေနီလမ်းဘေးမှာ အလေ့ကျပေါက်တဲ့ အပင်မျိုးတွေပါ။ အရင်က အဝေးကနေ တွေ့မိတဲ့ ခွေးနှစ်ကောင်ကို မတွေ့တာကြောင့် ပါမယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ကို လူယဉ်တယ်လို့ ထင်မှတ်မှားတာကြောင့်လည်း ပါတာပေါ့။ e bike ကလည်း အသံသိပ်မထွက်တာရယ်ကြောင့် ကျနော် သိပ်စဉ်းစားမနေတော့ပဲ e bike ကို မြေနီလမ်းကျဉ်းကလေးထဲ ချိုးချလိုက်တယ်။ လမ်းကျဉ်းဆိုတဲ့အတိုင်း ဆိုင်ကယ်တစ်စီးသာသာပဲ မောင်းလို့ရတယ်။
ကျနော့်မှာ e bike လီဘာကို အတင်းတင်ကာ မောင်းရတာနဲ့ ခွေးတွေ မဟပ်မိအောင် ခြေထောက်ကို လေထဲမြှောက်ထားပြီး ပါးစပ်ကလည်း ဟဲ့ ခွေး သွား သွား၊ ပိုင်း ပိုင်းနဲ့ အော်ဟစ်ချွေးပြန်လိုက်ရတာဆိုတာ။ ကြည့်ရတာ ဗမာမှန်းသိလို့ကို တမင် သည်းကြီးမဲကြီး လိုက်ဆွဲနေသလိုမျိုးပဲ။
ခွေးရှိတဲ့ အိမ်ရှေ့ကဖြတ်တော့ သိပ်မကြာတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြူဖြူညစ်ညစ် ခွေးနှစ်ကောင်က ဘယ်ကမှန်းမသိ အရှိန်အဟုန်နဲ့ ပြေးထွက်လာပြီး ကျနော့်ကို အတင်း ထိုးဟောင်တော့တာပဲ။ ပြီးတော့ သူတို့က ရိုးရိုးဟောင်ရုံတင်မဟုတ် ဘယ်နေရာပဲ မိမိဆိုပြီး အတင်းလိုက်ဆွဲတာ။ ကျနော့်မှာ e bike လီဘာကို အတင်းတင်ကာ မောင်းရတာနဲ့ ခွေးတွေ မဟပ်မိအောင် ခြေထောက်ကို လေထဲမြှောက်ထားပြီး ပါးစပ်ကလည်း ဟဲ့ ခွေး သွား သွား၊ ပိုင်း ပိုင်းနဲ့ အော်ဟစ်ချွေးပြန်လိုက်ရတာဆိုတာ။ ကြည့်ရတာ ဗမာမှန်းသိလို့ကို တမင် သည်းကြီးမဲကြီး လိုက်ဆွဲနေသလိုမျိုးပဲ။ ခွေးတွေ ကူမောင်းပေးဖို့ တစ်ဦးတစ်ယောက်မှ မတွေ့သလို သူတို့ကို တန့်သွားအောင်လုပ်ဖို့လည်း ဘာအကြံမှ မပေါ်ဘူး။ ဒီကြားထဲ မြေနီလမ်းနဲ့ ဟိုဘက်က ကတ္တရာလမ်းမကို ခြားထားတာက ဆည်အသေးစားပုံစံဖော်ထားတဲ့ လူတရပ်ကျော်မြင့်တဲ့ ရေမြောင်း။ ကျများသွားလိုက်လို့ကတော့ တစ်ယောက်ထဲ e bike တွန်းတက်နေရတာနဲ့တင် မိုးချုပ်သွားနိုင်တယ်။
ခဏကြာတော့ ခွေးတွေ ဘာစိတ်ကူးပေါက်တယ် မသိ ဆက်မလိုက်လာကြတော့ဘူး။ အပွင့်ဆုံး၊ အကြွေဆုံးဖြစ်တဲ့ သခွပ်ပင်ကြီးလည်း ကျော်သွားတယ်။ ရေမြောင်းနှုတ်ခမ်းပေါ် ရောက်နေတဲ့ e bike ကိုလည်း မြေနီလမ်းအလယ်ပေါ်ရောက်အောင် ပြန်မောင်းနေနိုင်ပြီ။ အန္တရာယ်ကနေ လွတ်မြောက်သွားပြီပေါ့။ ရင်တွေ တဒိန်းဒိန်း ခုန်နေတာတော့ မရပ်နိုင်သေးဘူး။ အဲဒီနေ့က သိပ်မကြွေတဲ့ အပွင့်နည်းတဲ့ သခွပ်ပင်အောက်ကနေပဲ အပွင့် ၃၀ လောက်ကောက်ပြီး ပြန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် Mission Complete ပေါ့လေ။
အဲဒီနောက်တော့ ကျနော် အဲဒီသခွပ်ပင်တွေဘက် ခြေဦးတောင် လှည့်ဖို့ စိတ်ကူး မရှိတော့ပါဘူး။ ခွေးတွေလည်း ကတ္တရာလမ်းဘက် ယောင်လို့တောင် မလာပါဘူး။ ကျနော်နဲ့ မကြုံတာလည်း ဖြစ်မှာပေါ့။
အဓိကတော့ သူတို့ဟာ အခြားသူတွေရနေတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ပေါ့ပါးမှုတွေ မရကြလို့ပဲ။ တနည်းပြောရရင်တော့ သူတို့မရတာတွေအတွက် မနာလိုဝန်တိုစိတ်ကြီးကြတာပဲ။
ဒီလိုနဲ့ အချိန်တစ်လကျော်ကြာလာပြီး တစ်ရက်မှာ မြောင်းက ရေကျနေတယ်။ အဲဒီတော့ ဟိုဘက်ဒီဘက် ကန့်လန့်ခံထားတဲ့ ရေပိုက်လုံးကြီးကလည်း မြောင်းပေါ်မှာ ထင်းထင်းကြီး ပေါ်နေတယ်။ ကျနော် ကလေးကို ကျောင်းသွားပို့ချိန်ကျတော့ သကောင့်သား ခွေးနှစ်ကောင်က ရေပိုက်ပေါ်ကနေ ဟိုဘက်လမ်း သည်ဘက်လမ်း ကူးချည်သန်းချည် လမ်းသလားနေကြတယ်။
ပြန်လည်းလာရော အဲဒီခွေးနှစ်ကောင်ထဲက ကျနော့်ကို လိုက်ဆွဲတဲ့ အရောင်ပိုညစ်တဲ့ တစ်ကောင်က လမ်းမပေါ်က ဖြတ်သွားတဲ့ ကား ဆိုင်ကယ်တွေကို နောက်ကနေ တရှိန်ထိုး လိုက်ဆွဲနေတာကို ခပ်လှမ်းလှမ်းကနေ တွေ့လိုက်ရတယ်။ ကားတွေက ကိစ္စမရှိပေမယ့် ဆိုင်ကယ်သမားတွေကတော့ အဝေးပြေးလမ်းဆုံနားဖြစ်လို့ အရှိန်လျော့ရတာကတစ်ကြောင်း၊ ခွေးလိုက်ဆွဲတာတစ်ကြောင်းကြောင့် အတော်လေး ဟန်ပျက်ပြီး ရှောင်ကွင်း မောင်းနှင်နေရတယ်။ ပထမတော့ ခွေးတစ်ကောင်ရဲ့ ထက်သန်မှုကို ကျနော် ဆွံ့အငေးမောနေသေးတယ်။ နောက်တော့ ကျနော်လည်း အခြားလမ်းကနေပဲ သွားဖို့ e bike ကို အဝေးကြီး ပြန်လှည့်ခဲ့ရတယ်။ အဲဒီခွေးကတော့ တောင်ဘက်ပြေးဆွဲလိုက်၊ မြောက်ဘက်ပြေးဆွဲလိုက်နဲ့ အလုပ်ရှုပ်ပြီး ကျန်ရစ်ခဲ့တယ်။
မြို့ပြမှာ အချို့အိမ်မွေးခွေးအတော်များများက ခြံထဲမှာပဲ ပိတ်လှောင်ခံထားရပြီး အပြင်က ခွေးတွေ၊ လူတွေ ဖြတ်သွားရင် အမြဲရန်လုပ်တတ်တာကို မကြာခဏ ကြုံဖူးတယ်။ အဓိကတော့ သူတို့ဟာ အခြားသူတွေရနေတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ပေါ့ပါးမှုတွေ မရကြလို့ပဲ။ တနည်းပြောရရင်တော့ သူတို့မရတာတွေအတွက် မနာလိုဝန်တိုစိတ်ကြီးကြတာပဲ။
တကယ်က သူတို့ အတွင်းထဲမှာရှိတဲ့ မနာလိုမှုတွေ၊ ရယူပိုင်ဆိုင်လိုစိတ်ကြီးမားမှုတွေကသာ သူတို့ကို အကျဉ်းကျသွားစေတာ။ အဲဒါတွေကပဲ သူတို့ရဲ့ အားနည်းချက်ဖြစ်သွားကာ အဆုံးရှုံးမခံနိုင်ရာကနေ လူသားဆန်တဲ့စိတ်တွေ ပျောက်ကွယ်ကုန်ပြီး လူနံ့ကင်းမဲ့ကုန်တာ။
ကျနော်တို့နိုင်ငံမှာလည်း စစ်ခွေးတွေရဲ့ ခေါင်းဆောင်တွေက ဘာကို မနာလိုတယ်မသိဘူး။ သဲကြီးမဲကြီး ပြည်သူတွေဘဝကို အရူးလို လိုက်ဖျက်ဆီးနေတာ။ သူတို့ရမယ့်အခွင့်အရေးတွေလို့ မှတ်ယူပြီး အများကို အခွင့်အရေး မပေးချင်တာ။ အများသူငါ ပိုင်ဆိုင်တာမှန်သမျှကို အငြိုးကြီးစွာ ဖျက်ဆီးပစ်နေကြတာ။ ကြည့်ရတာ သူတို့ကို တစ်ယောက်ယောက်က နှစ်ပေါင်းများစွာ အကျဉ်းချ ပိတ်လှောင်ထားမှုအပေါ် မကျေမနပ် တုံ့ပြန်လာတဲ့ အသိစိတ်ပျောက်မှုတွေပဲ။
တကယ်က သူတို့ အတွင်းထဲမှာရှိတဲ့ မနာလိုမှုတွေ၊ ရယူပိုင်ဆိုင်လိုစိတ်ကြီးမားမှုတွေကသာ သူတို့ကို အကျဉ်းကျသွားစေတာ။ အဲဒါတွေကပဲ သူတို့ရဲ့ အားနည်းချက်ဖြစ်သွားကာ အဆုံးရှုံးမခံနိုင်ရာကနေ လူသားဆန်တဲ့စိတ်တွေ ပျောက်ကွယ်ကုန်ပြီး လူနံ့ကင်းမဲ့ကုန်တာ။ အခုတော့ ပြည်သူကို ဘယ်နားထိထိဆိုပြီး တောင်ဘက် ပြေးဆွဲလိုက်၊ မြောက်ဘက်ပြေးဆွဲလိုက်နဲ့ ရက်စက်ကြမ်းကြုပ်တဲ့ သားရဲတွေ ဖြစ်နေကြတာ။
အဝေးမှာတော့ ပန်းမွေ့ယာကြီး ခင်းထားသလို ကြွေနေတဲ့ သခွပ်ပွင့်တွေရဲ့ စိမ်းရွှေရွှေရနံ့တွေက လေထုထဲ သိပ်သည်းဆများစွာ ပျံ့လွင့်လျက်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။