Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တော်လှန်ရေးကာလ အိမ်တွင်းအကြမ်းဖက်နဲ့ ပိုင်ရှင်မဲ့ ဖြစ်နေဆဲ ရုပ်အလောင်း (Human Rights)

ကမ်းခြေတစ်ခုမှာ အနက်ရောင်ဘောင်းဘီရှည်ကို အပြာရောင်လက်တိုအင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်ပြီး ချစ်စဖွယ်မတ်တပ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်။ အသက်အရွယ်အားဖြင့် ၂၆ နှစ်သာ ရှိသေးပြီး လန်းဆန်းတဲ့ အပြုံးမျက်နှာနဲ့ ဒီအမျိုးသမီးလေးဟာ မဲဆောက်ဆေးရုံကြီးရဲ့ အအေးခန်းရေခဲတိုက်ထဲမှာ ခုချိန်ထိ သူမရဲ့အလောင်းမြေချဖို့နဲ့ တရားမျှတမှုရဖို့ အချိန် ၃ လနီးပါးကြာ ဘယ်လိုများ အေးစက် တောင့်ခံစောင့်ဆိုင်းနေသလဲ။

 

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လွန်ခဲ့တဲ့ သုံးလနီးပါးလောက်က မြန်မာအမျိုးသမီးတဦး အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် အသက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းမြေချဖို့နဲ့ မီးသင်္ဂြိုလ်ဖို့ မလုပ်ရသေးဘူးလို့ သိရပါတယ်။

 

သူမဟာ ကိုယ်ထိလက်ရောက်ထိုးကြိတ် ရိုက်နှက်ခံရမှုတွေကြောင့် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မဲဆောက်ဆေးရုံကြီးရဲ့ သေမှုမှတ်တမ်းတွေအရ သိရတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က စင်ကာပူမှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာ ရှိရာ မဲဆောက်မြို့ကို လာတွေ့ချိန်မှာ သေဆုံးခဲ့တာလို့ ဆေးရုံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သူမဟာ ကိုယ်ထိလက်ရောက်ထိုးကြိတ် ရိုက်နှက်ခံရမှုတွေကြောင့် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မဲဆောက်ဆေးရုံကြီးရဲ့ သေမှုမှတ်တမ်းတွေအရ သိရတယ်။

 

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မထက်ထက်ဇော်ဟာ မျက်နှာကို လက်သီးနဲ့အချက်ပေါင်းများစွာ အထိုးခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသဖို့ မယ်တော်ဆေးခန်းကတဆင့် မဲဆောက်ဆေးရုံကြီး၊ အဲဒီကနေတဆင့် တာ့ခ်ဆေးရုံအထိ ရောက်ခဲ့ပြီး နောက်ဆုံး အဲဒီဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ အဆိုပါ အမှုကို ထုတ်ဖော်ပြောဆိုခဲ့သူ Sisters 2 Sisters အဖွဲ့က မထိပ်ထားက ပြောပါတယ်။

 

ထိုင်းရဲကတော့ ဆက်ပြီးတော့ စုံစမ်းတယ်ပြောတာတော့ ရှိတယ်၊ ဒါပေမယ့် ကျနော်တို့က ဗမာလည်း ဖြစ်နေတယ်၊ ဗမာဖြစ်နေတယ်ဆိုရင် များသောအားဖြင့်က သိပ်အာရုံစိုက်မခံရတာ များပါတယ်။

 

လက်ရှိ ထိုင်းရဲတွေက မထက်ထက်ဇော်သေဆုံးတဲ့ ဖြစ်ရပ်ကို အမှုဖွင့်ပြီး ဆက်လက် စုံစမ်းနေပေမယ့် တရားခံအဖြစ်ယူဆရတဲ့ ခင်ပွန်းဖြစ်သူဝဠာကတော့ အခုချိန်ထိ ထွက်ပြေးတိမ်ရှောင်နေဆဲ ဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

 

“ထိုင်းရဲကတော့ ဆက်ပြီးတော့ စုံစမ်းတယ်ပြောတာတော့ ရှိတယ်၊ ဒါပေမယ့် ကျနော်တို့က ဗမာလည်း ဖြစ်နေတယ်၊ ဗမာဖြစ်နေတယ်ဆိုရင် များသောအားဖြင့်က သိပ်အာရုံစိုက်မခံရတာ များပါတယ်။ တရားခံသာ မမိခဲ့ရင်တော့ သူတို့ထိုင်းကလည်း အဲ့လောက်ထိ လိုက်စုံစမ်းပါ့မလားလို့ စိတ်ပူမိတယ်” လို့ မထိပ်ထားက ပြောပါတယ်။

 

တရားခံအဖြစ်ယူဆရတဲ့ မထက်ထက်ဇော်ရဲ့ ခင်ပွန်းဖြစ်သူ ဝဠာဟာ တော်လှန်ရေးမှာ ပါဝင်နေသူဖြစ်ပြီး တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ဆက်စပ်နေသူလည်းဖြစ်ကာ အမှုဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

 

ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာကို မြန်မာဘက်ခြမ်းက ကော်သူးလေနယ်မြေမှာရှိတဲ့ Lion Battalion တော်လှန်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားတယ်လို့ သိရှိရပြီး ပြစ်မှုကျူးလွန်ထားကြောင်း သူကိုယ်တိုင်ဝန်ခံထားတယ်လို့လည်း သိရပါတယ်။

 

“ထိုင်းမှာဖြစ်တဲ့အမှုဖြစ်တဲ့အတွက် ထိုင်းတရားစီရေးနဲ့ပဲ သွားရမယ်၊ တရားခံက ထိုင်းမှာ ပန်းရောင်ကဒ်ထုတ်ထားတယ်၊ ထိုင်းရဲ့ အလုပ်သမားဖြစ်တာပေါ့နော်၊ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေအတိုင်း သွားဖို့၊ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် အစ်မတို့ တောင်းဆိုနေတာ ဖြစ်တယ်” 

 

အမှုကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကျူးလွန်သူကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း Sisters 2 Sisters အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

“ထိုင်းမှာဖြစ်တဲ့အမှုဖြစ်တဲ့အတွက် ထိုင်းတရားစီရေးနဲ့ပဲ သွားရမယ်၊ တရားခံက ထိုင်းမှာ ပန်းရောင်ကဒ်ထုတ်ထားတယ်၊ ထိုင်းရဲ့ အလုပ်သမားဖြစ်တာပေါ့နော်၊ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေအတိုင်း သွားဖို့၊ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် အစ်မတို့ တောင်းဆိုနေတာ ဖြစ်တယ်” လို့ အဖွဲ့ကိုယ်စား မထိပ်ထားက ပြောပါတယ်။

 

လတ်တလော အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်မှာ တရားခံဖြစ်သူကို ကျနော်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီ အပ်နှံနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်”

 

နောက်ဆုံးရရှိတဲ့ အချက်အလက်အရ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းက “လတ်တလော အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်မှာ တရားခံဖြစ်သူကို ကျနော်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီ အပ်နှံနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်” လို့ ပြောဆိုထားပါတယ်။

 

ဒါပေမဲ့ လက်ရှိ ဇွန်လ ၂၆ ရက်နေ့အထိ ကျူးလွန်သူကို ထိုင်းအာဏာပိုင်တွေဆီ အပ်နှံရေးကိစ္စမှာ လမ်းခရီးအခက်အခဲကြောင့်  မပြီးမြောက်သေးဘူးလို့ သိရပါတယ်။

 

ထိုင်းအာဏာပိုင်တွေဘက်ကတော့ မှတ်တမ်းမှတ်ရာတွေ ရယူထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် အဆိုပါ အမှုကိစ္စနဲ့ပတ်သတ်လို့ သူမတို့ Sisters 2 Sisters အဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း ဆက်သွယ်ခဲ့တာ ရှိပေမယ့် အကြောင်းတစ်စုံတရာမပြန်ဘူးလို့ သိရပါတယ်။

 

“စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကနေ မဲဆောက်ဆေးရုံကြီးကို ဆက်သွယ်ပြီး dead body ရှိလား မေးတယ်၊ ရှိတယ်ဆိုရင် dead body ကို ကျန်ရစ်တဲ့မိသားစုက လာထုတ်နိုင်အောင် သူတို့က ခရီးသွားလာခွင့်နဲ့ပတ်သတ်တဲ့အထောက်အထားတွေ အကုန်လုံးကို ကူညီမယ်လို့ ပြောတာတော့ ရှိတယ်”

 

ထပ်မံသိရှိရတဲ့ သတင်းအချက်အလက်တွေအရ မြန်မာပြည်သံရုံးကနေ မဲဆောက်ဆေးရုံကြီးကို ဆက်သွယ်ပြီး အလောင်းမြေချရေးကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ ပြောတယ်လို့လည်း မထိပ်ထားရဲ့ ပြောပြချက်အရ သိရပါတယ်။ 

 

“စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကနေ မဲဆောက်ဆေးရုံကြီးကို ဆက်သွယ်ပြီး dead body ရှိလား မေးတယ်၊ ရှိတယ်ဆိုရင် dead body ကို ကျန်ရစ်တဲ့မိသားစုက လာထုတ်နိုင်အောင် သူတို့က ခရီးသွားလာခွင့်နဲ့ပတ်သတ်တဲ့အထောက်အထားတွေ အကုန်လုံးကို ကူညီမယ်လို့ ပြောတာတော့ ရှိတယ်” လို့ မထိပ်ထားက ဆက်ပြောပါတယ်။ 

 

တာ့ခ်ဆေးရုံမှာ ၃ လနီးပါးကြာနေပြီဖြစ်တဲ့ မထက်ထက်ဇော်ရဲ့ရုပ်အလောင်းကို ထုတ်ယူပြီး ကောင်းမွန်စွာသင်္ဂြိုဟ်နိုင်ဖို့ဆန္ဒရှိကြောင်း မိသားစုဝင်တွေကလည်း ပြောပါတယ်။ 

 

တာ့ခ်ဆေးရုံမှာ ၃ လနီးပါးကြာနေပြီဖြစ်တဲ့ မထက်ထက်ဇော်ရဲ့ရုပ်အလောင်းကို ထုတ်ယူပြီး ကောင်းမွန်စွာသင်္ဂြိုဟ်နိုင်ဖို့ဆန္ဒရှိကြောင်း မိသားစုဝင်တွေကလည်း ပြောပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေအနေနဲ့ သွားရေးလာရေးနဲ့ ငွေကြေးအခက်အခဲတွေကြောင့် မလာနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လည်း သိရပါတယ်။

 

မထိပ်ထားတို့အနေနဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ရော ထိုင်းရှေ့နေများအဖွဲ့နဲ့ပါ တရားခံလွှဲပြောင်းရေးကိစ္စနဲ့ပတ်သတ်ပြီး ဆက်ပြီး ဆွေးနွေးပြောဆိုနေတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်ထိ သေဆုံးသူ မထက်ထက်ဇော်ရဲ့ ရုပ်အလောင်းဟာ သင်္ဂြိုလ်နိုင်ခြင်းမရှိသေးသလို သူ့ကို သင်္ဂြိုလ်ဖို့ဆိုရင် မိသားစုဝင်တွေရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ကျူးလွန်သူလို့ ယူဆရတဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ပေါ်လာမှသာ လုပ်ဆောင်လို့ရမှာဖြစ်တာကြောင့် အဆိုပါ အမျိုးသမီးရဲ့ ရုပ်အလောင်းဟာ မဲဆောက်ဆေးရုံကြီးရဲ့ အအေးခန်းထဲမှာ ခုချိန်ထိ ပိုင်ရှင်မဲ့အနေနဲ့ ရှိနေဆဲပါပဲ။    ။

~~~~

ခေးလု

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။