Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ၊ ရဲနဲ့ စစ်သား ၂၁ ဦး လက်နက်ချ၊ လက်နက်မျိုးစုံ ၂၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ NUG/ MoD အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။


မြို့သစ်မြို့ကို ထိန်းချုပ်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်း၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲနဲ့ ပျူစောထီး ပူးပေါင်း အင်အား ၂၅၀ ဝန်းကျင်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက် ၅ နာရီမှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မေလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဒီထိုးစစ်ဆင် တိုက်ခိုက်မှုကို တမူးခရိုင် ကွပ်ကဲရေးမှူးက ဦးစီကာ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီး အမျိုးသား တပ်မတော် KNA(B)၊ အမျိုးသား လွတ်မြောက်ရေး တပ်တော် (NLA)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး တမူးမြို့နယ် ပကဖအဖွဲ့က ထောက်ပို့အနေနဲ့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  


မြို့သစ်မြို့သိမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူ စာရင်းကို အတည် မပြုနိုင်သေးပေမယ့် ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်၊ ဒုရဲအုပ်ကျော်ကျော်လွင်နဲ့ ဒုရဲအုပ်မျိုးသန့် အပါအဝင် စုစုပေါင်း ရဲ ၂၁ ဦး အလံဖြူ ထောင် လက်နက်ချခဲ့တယ်လို့  သိရပါတယ်။ 


အကြမ်းဖက် စစ်ကောင်စီ တပ်များထံမှ လက်နက်ငယ် ၂၉ လက်၊ ၆၀ မမဗုံးသီး ၁၂ လုံး၊ အီနာဂါဗုံးသီး ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ Station Jammer ၃ ခု၊ ကျည်အိမ် ၃၄ ခုနဲ့ ခဲယမ်းကျည် အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ကနဦး သတင်းရရှိချက်အနေနဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။ 


တော်လှန် ရေး ပူးပေါင်းတပ် တွေ သိမ်းပိုက် ထိန်းချုပ်လိုက်တဲ့ မြို့သစ်မြို့ရဲ့ သတင်းဓါတ်ပုံ တွေကိုလည်း NUG၊ ကာကွယ် ရေး ဝန်ကြီးဌာနက ဒီက နေ့ ညပိုင်းမှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီထံမှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ လက်နက်ချ ရဲများနှင့် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့သစ်မြို့ မြင်ကွင်းတချို့ (source: NUG/MOD)

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။