ထိုင်းဝန်ကြီးချုပ်ကတော့ ပြောချလိုက်ပါပြီ။ စစ်အစိုးရ အားနည်းနေလို့ ဒီအချိန်က စေ့စပ်ဖို့ အချိန်ကောင်းပဲတဲ့။ စေ့စပ်တဲ့ကိစ္စကတော့ သူတို့ကိစ္စမို့ အသာထားလိုက်ပါဦး။ ဒါပေမဲ့ မြန်မာစစ်တပ် အားနည်းနေပြီ ဆိုတဲ့အချက် ကို လူသိရှင် ကြားထုတ်ပြောရတဲ့ အခြေအနေရောက်လာတာကတော့ သတင်းကောင်းလို့ ဆိုရမှာပါ။
ဒါကလည်း ထိုင်းဝန်ကြီးချုပ်က အရပ်သားဖြစ်လို့ရယ်၊ သူကိုယ်တိုင်လည်း ထိုင်းစစ်တပ်နဲ့ စေ့စပ်ပြီး အာဏာယူထားတာ ဖြစ်လို့ရယ်ကြောင့် ဒီလို စဉ်းစားတာထင်ပါတယ်။ မြန်မာစစ်တပ်ကတော့ အဲလောက် အသိဥာဏ် ရှိမနေတဲ့အတွက် မအလ က ဒေါတောင် ကန်နေလိမ့်မယ်ထင်တယ်။
ရခိုင်က တိုက်ပွဲခွင်ထဲမှာ သားအမိနှစ်ယောက်ကို ဖမ်းပြီး အမေကို သတ်၊ သမီးကို မုဒိန်းကျင့်ပြီး သတ်တယ်။ နောက် နှစ်ရက်သုံးရက်အကြာမှာ တိုက်ပွဲဖြစ်တော့ ဦးဆောင် မုဒိမ်း ကျင့်ခဲ့တဲ့ တပ်ကြပ်ကြီးရဲ့ လည်ပင်းကို ကျည်ထိပြီး သေတယ်။
မြန်မာစစ်တပ် အကြောင်းကတော့ မြန်မာနိုင်ငံသားတွေ အသိဆုံးပါပဲ။ ဥပမာလေး တစ်ခု ပြောပြပါဦးမယ်။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ထင်တယ်။ ရခိုင်က တိုက်ပွဲခွင်ထဲမှာ သားအမိနှစ်ယောက်ကို ဖမ်းပြီး အမေကို သတ်၊ သမီးကို မုဒိန်းကျင့်ပြီး သတ်တယ်။ နောက် နှစ်ရက်သုံးရက်အကြာမှာ တိုက်ပွဲဖြစ်တော့ ဦးဆောင် မုဒိမ်း ကျင့်ခဲ့တဲ့ တပ်ကြပ်ကြီးရဲ့ လည်ပင်းကို ကျည်ထိပြီး သေတယ်။ နောက်စစ်သား နှစ်ယောက်လည်း သေတယ်။
နောက်ဆုံး အသက် အငယ်ဆုံး စစ်သားလေး အဖမ်းခံရတော့မှ သူ ဖွင့်ဟဝန်ခံလို့ ဒီကိစ္စတွေ သိရတာပဲ။ ဆိုလိုတာကတော့ သူတို့ဟာ မသေခင်အချိန်အထိ နောက်ဆုံးအချိန်အထိ မဟုတ်တာ ဘာမဆိုလုပ်ဖို့ ဝန်မလေးတဲ့သူတွေ ဆိုတာပါပဲ။
ပျူတွေကိုပဲ စစ်သားတွေက ရှေ့ကနေ အသေခံ ခိုင်းပြီး သူတို့ မိသားစုတွေကို အကာအကွယ် ပေးတာတွေ မလုပ်တော့ အခုတလော ချောင်းဦးဘက်မှာ လက်နက်ချလာတာ အယောက် ၂၀၀ ကျော်တောင် ရှိတယ်လို့ ကြားရတယ်။
စစ်ကောင်စီ တပ်ထဲက စစ်သားဆိုသူတွေဟာ မျှော်လင့်ချက်မဲ့၊ ဦးတည်ချက်မဲ့သူမျိုးတွေ၊ မနက်စာ စားပြီး ညစာအတွက် မစဉ်းစားတဲ့သူမျိုးတွေ၊ လက်သင့်ရာ မဟုတ်တာ မှန်သမျှ အကုန်လုပ်ဖို့ စဉ်းစားတဲ့သူမျိုးတွေ၊ လူ့အဖြစ်ကို သုံးပုံတစ်ပုံလောက်တောင် မရောက်သေးတဲ့ တိရိစ္ဆာန်သာသာ အဆင့်သူမျိုးတွေဆိုတာ ကမ္ဘာက သိဖို့ လိုနေတာပါ။
ဒါက စစ်သားတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သူတို့ လက်သတ်မွေး ထားတဲ့ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ အားလုံး ဒီအတိုင်းပါပဲ။ ဟိုတလောက စစ်ကိုင်းတိုင်းထဲမှာ ဖမ်းခံလိုက်ရတဲ့ PDF ရဲဘော်လေး နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာဟာ ပျူစောထီးတွေပါပဲ။ သူတို့ နောက်ကွယ်မှာတော့ စစ်သားတွေ ပါမှာပါ။
အဲဒီ ပျူတွေကိုပဲ စစ်သားတွေက ရှေ့ကနေ အသေခံ ခိုင်းပြီး သူတို့ မိသားစုတွေကို အကာအကွယ် ပေးတာတွေ မလုပ်တော့ အခုတလော ချောင်းဦးဘက်မှာ လက်နက်ချလာတာ အယောက် ၂၀၀ ကျော်တောင် ရှိတယ်လို့ ကြားရတယ်။
မြန်မာစစ်တပ်က ကောင်တွေဟာ အသာစီးရရင် တဘက်သတ် အနိုင်ကျင့် သတ်ဖြတ် ၊ ရှုံးပြီဆိုတာနဲ့ သူတို့ ဘာမှ မလုပ်ခဲ့၊ ဘာပြစ်မှုမှ မကျူးလွန်ခဲ့သလို မျက်နှာပေးနဲ့။
မြန်မာစစ်တပ်က ကောင်တွေဟာ အသာစီးရရင် တဘက်သတ် အနိုင်ကျင့် သတ်ဖြတ် ၊ ရှုံးပြီဆိုတာနဲ့ သူတို့ ဘာမှ မလုပ်ခဲ့၊ ဘာပြစ်မှုမှ မကျူးလွန်ခဲ့သလို မျက်နှာပေးနဲ့။ အဲဒါ သူတို့အထက်ဆင့်တွေကလဲ ဒီအတိုင်းပါပဲ၊ ထပ်ပြီး သေသေချာချာ နားလည်ကြဖို့ လိုတာက သူတို့ရဲ့ ထိပ်ဆုံးက မအလ အဆင့်အထိ ပုဂ္ဂိုလ်တွေကလည်း သူတို့သာသာပဲ အသိဉာဏ်ရှိကြတာပါ။
ဒေါ်စိန်အေးကျောင်းက သူတို့ကို သင်ပေးလိုက်တာက ကုလားမုန်းတီးစိတ်၊ တရုတ်ဆန့်ကျင်စိတ်နဲ့ ဆန့်ကျင်ဘက်လိင်အပေါ် အထင်သေးတဲ့ စိတ်တွေပါ။ စစ်ဘက်က အရာရှိတိုင်းမှာ ဒီလိုစိတ်တွေ ရှိကြတယ်။ ကြုံရင် ကြုံသလို ဒီစိတ်ထားတွေကို ဖော်ပြကြတယ်။
ကျားဖျန့်ကိစ္စကိုပဲ ကြည့်ပါ။ တရုတ်ဘက်က အတော် စောစောကတည်းက ဒီကိစ္စတွေကို အရေးယူ ဆောင်ရွက်ပေးဖို့ ပြောနေတာပါ။ မအလ ကိုယ်တိုင်က ခံတန်တန်စိတ်နဲ့ တရုတ်တွေ ခံပစေဆိုပီး လျစ်လျူရှုထားခဲ့တာပါ။
ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အကြီးအကျယ် နှိပ်ကွပ်လိုက်တာ လားရှိုးမြို့ကြီး ကျလုဆဲဆဲ ဖြစ်လာတော့မှ တရုတ်ကြီးကို ဒူးပြေးဖက်ရတော့တာပါပဲ။ ခံတန်တန်စိတ်နဲ့သာ လုပ်နေတာ ၊ နိုင်ငံရေး အထူအပါးကျတော့ နားလည်တာ မဟုတ်ဘူး။
နောက်ဆုံး ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အကြီးအကျယ် နှိပ်ကွပ်လိုက်တာ လားရှိုးမြို့ကြီး ကျလုဆဲဆဲ ဖြစ်လာတော့မှ တရုတ်ကြီးကို ဒူးပြေးဖက်ရတော့တာပါပဲ။ ခံတန်တန်စိတ်နဲ့သာ လုပ်နေတာ ၊ နိုင်ငံရေး အထူအပါးကျတော့ နားလည်တာ မဟုတ်ဘူး။ ခုကျတော့ သူ့တပည့်တွေလို၊ ပျူတွေလို အပိုးကျိုးပြီဆိုတော့လည်း အရင် လုပ်ခဲ့တာတွေ သူနဲ့ ဘာမှ မဆိုင်သယောင်။ တရုတ်ဆိုရင်လည်း အားလုံး ဒလဟော လိုက်လျောလို့၊ တရုတ်ကို ထိရင် ဇော်မဲလုံးကတောင် ဆတ်ဆတ်ထိ မခံ ဖြစ်လို့။
တရုတ်ကကျတော့ မြန်မာ့နိုင်ငံရေးထဲမှာ သူ့လူဘိုင်သေတွေ ရှိပါတယ်။ အခု မအလ အပိုးကျိုးသွားပြီဆိုတော့ AA ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အကွက်ရှာနေပုံ ရတယ်။ KIA ကိုတော့ သူတို့ ကိုင်လို့ မရလို့ စော စောကတည်းက လွှတ်ပေးထားရပုံ ရပါတယ်။ AA သာ တရုတ်အကွက်ထဲ ဝင်သွားရင် အားပြိုင်မှုက တရုတ်နဲ့ NUG ကြားပဲ ရှိတော့မှာပါ။ သူ့အင်အား များများရှိလာရင်တော့ NUG လက်ထဲ အာဏာမရောက်ရေးပိုပြီး ပြောင်ကျကျ ကြိုးပမ်းလာနိုင်တာပါပဲ။ ဒါပေမယ့် ညှိနှိုင်းစရာ နည်းလမ်းတွေကတော့ ရှိနေပါသေးတယ်။
ဥပမာ ခပ်ကြမ်းကြမ်း ပေးရရင် မသာအိမ်မှာ ဖဲဝိုင်းတစ်ခါထောင်မိတာ ဖဲသမားတွေက မရပ်ချင်တော့ဘူး။ ဖဲသမား အကျိုးအတွက် အဲဒီအိမ်က တစ်ယောက်ပြီး တစ်ယောက် သေပေးရမယ့်ကိန်း ဆိုက်နေတာပါ။
နောက်ထပ် ဥပမာ ခပ်ကြမ်းကြမ်း ပေးရရင် မသာအိမ်မှာ ဖဲဝိုင်းတစ်ခါထောင်မိတာ ဖဲသမားတွေက မရပ်ချင်တော့ဘူး။ ဖဲသမား အကျိုးအတွက် အဲဒီအိမ်က တစ်ယောက်ပြီး တစ်ယောက် သေပေးရမယ့်ကိန်း ဆိုက်နေတာပါ။ အိမ်ရှင်က ခပ်ချာချာ ဆိုရင်တော့ အဲ့ဒီအိမ်က သမီးပျိုကိုတောင် ဖဲသမားက ခိုးပြေးသွားတာ ခံသွားရနိုင်ပါတယ်။
အဲဒီလိုပါပဲ။ အားလုံးက သူတို့ အကျိုးစီးပွါးပါပဲ။ မအလ ဆက်ရှိနေလည်း ဘာမှ မဖြစ်ပါဘူး၊ မအလ အပိုးကျိုး သွားပြီး အနောက်ဘက် မယိမ်းရင် တရုတ်က ကျေနပ်ပါပြီ။ မြောက်ကိုရီးယား ပုံစံကို လေ့လာကြည့်ပေါ့။ မြောက်ကိုရီးယား တစ်ကမ္ဘာလုံးနဲ့ ရန်ဖြစ်နေလည်း တရုတ်အတွက် ပြဿနာ မရှိပါဘူး။ အမေရိကန်က မြန်မာ့အရေး အာဆီယံနဲ့ လွှဲထားတယ်ဆိုတာက တရုတ်လက် အပ်တာနဲ့ သိပ်မကွာလှပါဘူး။
ဒီအချိန်မျိုးမှာ နိုင်ငံခြားရေး ပေါ်လစီက အရေးကြီးပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ သွားရောလို့ မရပါဘူး၊ တဆင့်ပြီး တဆင့် ပါးပါးနပ်နပ် လုပ်တတ်ဖို့ လိုပါတယ်။
ဒီမိုကရက်က ဘယ်တုံးကမှ စွန့်စွန့်စားစား လုပ်လေ့မရှိဘူးဆိုတာလည်း သိနေကြပြီပဲ မဟုတ်လား။ ကိုယ့်ဘက်မှာ အရေးကြီးတာက မိမိလက်မှာ အာဏာအလုံးစုံ ရောက်မလာသေးတာပဲ။ ဒီအချိန်မျိုးမှာ နိုင်ငံခြားရေး ပေါ်လစီက အရေးကြီးပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ သွားရောလို့ မရပါဘူး၊ တဆင့်ပြီး တဆင့် ပါးပါးနပ်နပ် လုပ်တတ်ဖို့ လိုပါတယ်။
မအလလို ဒလဟော အလျှော့ပေးလိုက်ဖို့တော့ မလိုပါဘူး။ တော်လှန်ရေးက လိုအပ်တာထက် ပိုကြာနေရင် ပြည်သူတွေ ပိုဒုက္ခရောက်မယ်ဆိုတာ တာဝန်ရှိသူတွေ ခေါင်းထဲထည့်ထားဖို့ လိုပါတယ်။
လက်ရှိ တော်လှန်ရေး အခြေအနေကို ကြည့်ရင် အလွန်ကောင်းနေပါတယ်။ ကချင်မှာ၊ ရခိုင်မှာ၊ အခုနောက်ဆုံး ကရင်မှာပါ မအလတို့ အလူးအလဲ ခံနေရပါတယ်။ ဒါကြောင့်ပဲ ထိုင်းဝန်ကြီးချုပ်က မြန်မာစစ်တပ် အားနည်းနေပြီလို့ ထုတ်ပြောလာတာပါ။
၂၀၀၈ ခြေဥအောက် ပြန်ဝင်ပြီး အရင်လို နေကြဖို့ ဆိုရင်တော့ ဘယ်ပြည်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံး အချက်က စစ်တပ်ဟာ နိုင်ငံရေးကနေ ထွက်ရပါမယ်။
တရုတ်ကလည်း သူတို့က ဘယ်ဘက်မှ မပါဘဲ ကြားကနေ စေ့စပ်ပေးချင်တာလို့ ပြောနေတာပါပဲ။ ဒါပေမယ့် ၂၀၀၈ ခြေဥအောက် ပြန်ဝင်ပြီး အရင်လို နေကြဖို့ ဆိုရင်တော့ ဘယ်ပြည်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံး အချက်က စစ်တပ်ဟာ နိုင်ငံရေးကနေ ထွက်ရပါမယ်။ အရှင်းဆုံး ပြောရရင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကို အာဏာဝင်ရူးခွင့် ပေးလို့ မရတော့ပါဘူး။
အိမ်နီးချင်းနိုင်ငံတွေအဖို့တော့ ဒေသတွင်းမှာ နိုင်ငံတစ်ခုကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းတာကို မြင်ချင်တာလား ၊ မသာအိမ်က ဖဲဝိုင်းလိုပဲ သဘောထားမလား ဆိုတာတော့ ရွေးချယ် ဆုံးဖြတ်ကြဖို့ လိုပါတယ်။ ကိုယ့်ဘက်ကတော့ ပြည်သူတွေ အာဏာရရင် ဒေသတွင်း ဘယ်နိုင်ငံကိုမှ အကျိုး မယုတ်စေရဘူးဆိုတာကို လက်တွေ့ကျကျ အာမခံချက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။