Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

“အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အောင်မြင်မှုတွေကို ယုံကြည်ပါ၊ လက်ခံပါ၊ လေးစားပါ။”(Human Rights)

မင်္ဂလာပါရှင်။ ကျွန်မက ဒေါက်တာမြင့်မြင့်ကြည်ပါ။ တွဲဖက်ပါမောက္ခ ပထဝီဝင်ဌာန၊ မိုးညှင်းတက္ကသိုလ်၊ ပထဝီဝင်ဘာသာရပ်ကို အထူးပြု သင်ကြားပေးနေသော ဆရာမတစ်ယောက်ပါ။

 

စစ်ကောင်စီ၏ နိုင်ငံတော် အာဏာသိမ်းပြီးအချိန် ဖေဖော်ဝါရီ ၈ ရက်နေ့မှာစပြီး CDM ပြုလုပ်ခဲ့ပါတယ်။ လက်ရှိတာဝန်ယူ ထမ်းဆောင်နေရတာကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖယ်ဒရယ်ကျောင်းမှာ Grade 6, Grade 7, Grade 8, Grade 11 နှင့် ပထဝီဝင်ဘာသာရပ်များကို မြေပြင်သင်ကြားမှုတွေ ပြုလုပ်နေပါတယ်။

 

Kachin State Comprehensive University ကချင်ပြည်နယ်ပေါင်းစည်းတက္ကသိုလ်မှာ သင်ကြားရေးတာဝန်ကို online ကနေ ထမ်းဆောင်နေပါတယ်။

 

Bago Federal School မှာ Grade 7 နဲ့ Grade 10 နှစ်မျိုးကို online သင်ကြားရေးတွေ ပြုလုပ်ခဲ့ပါတယ်။

 

မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုအခြေအနေကတော့ အသက်တွေ၊ ရာထူးတွေ၊ စည်းစိမ်တွေ၊ ဂုဏ်သိက္ခာတွေ၊ ဘဝတွေပေးပြီးတော့ ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းပြီးတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေပြီးတော့ စက်တင်ဘာ ၂၈ ရက်အထိ စာရင်းအရကြည့်မယ်ဆိုရင် အမျိုးသမီး ဦးရေ ၆၁ ဦးဟာ အသက်ပေးခဲ့ပါတယ်။ အသက်အကြီးဆုံး ၈၇ နှစ်ကနေပြီးတော့ အသက်အငယ်ဆုံး ၁ နှစ်ဝန်းကျင် အမျိုးသမီးငယ်လေးတွေလည်း ပါဝင်ခဲ့ပါတယ်။ AAPP စာရင်းအရကြည့်မယ်ဆိုရင် အသက် ၁၈ နှစ်အောက်က ၉ ဦး၊ အသက် ၁၈ နှစ်အထက်က ၅၂ ဦး ရှိခဲ့ပါတယ်။

 

CDM မှာ ပါဝင်ကြသူများကို စကစ ကနေပြီးတော့ ဌာနအသီးသီးကနေ ရာထူးတွေထုတ်ပယ်တာတွေ အဆင့်ဆင့်လုပ်ခဲ့ပါတယ်။ CDM မှာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက်ကြောင့်မို့ စကစ က ဖမ်းဝရမ်းတွေလည်း ထုတ်တဲ့လူ အမျိုးသမီး ၂၀၀၀ ကျော်ရှိခဲ့ပါတယ်။

 

 စကစရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာက သိအောင် အလှမယ်တွေ၊ မယ်စကြာဝဠာတွေ၊ အနုပညာရှင်တွေက ဆန္ဒတွေ ဖော်ထုတ်ခဲ့ကြပါတယ်။

 

 ဒီလို ဆန္ဒတွေဖော်ထုတ်ခဲ့ရတဲ့ အတွက်ကြောင့်မို့လို့ အမျိုးမျိုး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကတော့ မိသားစုတွေ သေကွဲတွေ၊ ရှင်ကွဲတွေ ကွဲကြရပါတယ်။ ပူဆွေးသောကတွေလည်း ရောက်ရပါတယ်။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲတွေ ဖြစ်ကြပါတယ်။

 

 မိမိလက်ရှိဘဝထက်ကို နှိမ့်ချပြီးတော့ သင့်တင့်တဲ့နေရာကို နေကြရပါတယ်။ ဖြူစင်ရိုးသားခဲ့တဲ့ ဘဝပေါင်းများစွာတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးမှုတွေကြောင့်မို့လို့ ရှောင်တိမ်းနေကြရပါတယ်။

 

ဒီလို ဘဝတွေနဲ့ ရင်းပြီးတော့မှ နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ကြသော အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို ပိုမိုမြှင့်တင်အောင် ကူညီပေးပါ။ အမျိုးသမီးတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

“အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အောင်မြင်မှုတွေကို ယုံကြည်ပါ၊ လက်ခံပါ၊ လေးစားပါ”

 …………….

 ဒေါက်တာမြင့်မြင့်ကြည်

 တွဲဖက်ပါမောက္ခ

ပထဝီဝင်ဌာန၊ မိုးညှင်းတက္ကသိုလ်၊

 

ငွေမောင်းသံမီဒီယာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။