“မင်္ဂလာပါရှင့်။ တော်လှန်ရေး မတိုင်ခင်က ကျမက ကျောင်းဆရာမတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ နွေဦးတော်လှန်ရေးရဲ့ CDM လှုပ်ရှားမှုမှာ ကျမပါဝင် လှုပ်ရှားရင်းနဲ့ NUG/ MOE ရဲ့ ပညာဖြင့် တော်လှန်နေတဲ့ ကြားကာလ ပညာရေး အစီအမံမှာ volunteer တစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင် ကူညီနေပါတယ်ရှင့်။
ကျမနဲ့ လက်လှမ်းမီတဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ တချို့ကိုလည်း ကျမ ရံပုံငွေ ကူရှာပေးတာမျိုးလည်း ဆောင်ရွက်ပေးနေပါတယ်ရှင့်။ အခုလက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာ သင်ယူဖို့ လက်လှမ်းမမီတဲ့ တိုင်းရင်းသားစစ်ရှောင်ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းလေးတစ်ကျောင်းမှာ ကျမက မူလတန်းပြတာဝန်ကို ယူထားပါတယ်။
ကျမတို့ အမျိုးသမီးတွေဟာ ဒီနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် ပြုတ်ကျပြီးတော့ ကျမတို့ ပြည်သူလူထုတွေရဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ တရားမျှတမှုတွေ ရဖို့အတွက် အသက်၊ သွေး၊ ချွေး၊ လုံခြုံရေးတွေကို လုံးဝ မငဲ့ကွက်ဘဲနဲ့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်ရှင့်။ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှု အရှိန်အဟုန်ဟာ အရမ်း မြင့်တက်တယ်လို့ ကျမကတော့ မြင်ပါတယ်။
ကျမ ပညာရေးဌာနက ကျမတို့ မြို့နယ်ရဲ့ CDM လှုပ်ရှားမှု စပြီဆိုကတည်းက ကျမတို့ အမျိုးသမီးဆရာမတွေဟာ တကယ့်ကို အင်တိုက်အားတိုက်နဲ့ ကိုယ့်ရဲသံယောဇဉ်ဖြစ်တဲ့အလုပ်၊ ကိုယ့်ရဲ့ဝါသနာပါတဲ့အလုပ်၊ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ရရှိမယ့်လစာ ဒါတွေကို မငဲ့ကွက်ပဲနဲ့ CDM လှုပ်ရှားမှုမှာ ကျမတို့ အမျိုးသမီးဆရာမတွေ အများဆုံးပါဝင် လှုပ်ရှားခဲ့ကြပါတယ်။
စစ်အာဏာရှင်ပြုတ်ကျဖို့တွေ၊ ကျမတို့ရဲ့ တရားမျှတမှုတွေ ရဖို့အတွက်ကို ကျမတို့ ဒီနွေဦးတော်လှန်ရေးလှုပ်ရှားမှုဖြစ်တဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတွေမှာလည်း ကျမတို့ အမျိုးသမီးတွေက အများကြီး ပါဝင်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့မှာ ကျမ ပြောချင်တာကတော့ ကျမတို့နိုင်ငံကို သိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကျမတို့ အမြစ်ဖြတ်ဖို့အတွက် အားလုံးအတူ တိုက်ပွဲဝင်ကြတဲ့အထဲမှာ ကျမတို့ အမျိုးသမီးတွေကလည်း အများဆုံး ပါဝင်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။
ဆက်လက်ပြီးတော့လည်း ဒီစစ်အာဏာရှင်တွေ အမြစ် မပြတ်မချင်း စစ်အာဏာရှင်သာမက ဘယ်လို အာဏာရှင်စနစ်မျိုးကို မဆို ကျမတို့က ခုခံတော်လှန် တိုက်ပွဲဝင်သွားကြဖို့အတွက် ကျမတို့ အမျိုးသမီးတွေကလည်း အမြဲအသင့်ရှိနေကြပါတယ်ဆိုတာကို ပြောချင်ပါတယ်။ “သာတူညီမျှ ရရှိဖို့ တွဲလက်ခိုင်မြဲကြပါစို့။”
………..
CDM ဆရာမ ဒေါ်နီလာ
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။