Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကိုယ့်အနာ ကိုယ့်လျှာနဲ့ အကြိမ်ကြိမ်သပ်ရင်း (Essay)

ပြတင်းပေါက်နဲ့ ကပ်လျပ်ရှိနေတဲ့ အုတ်နံရံကြီးကို ဓာတ်ပုံရိုက်ပြီး မက်ဆင်ဂျာကနေ ညီမလေးပို့လာတော့ နည်း နည်းထူးဆန်းသွားတယ်။ ခုရက်တွေထဲ ညီမလေးရဲ့ လူမှုကွန်ယက်အကောင့်က Active ဖြစ်နေပေမဲ့ အကောင့်စာ မျက်နှာမှာ ဘာတစ်ခုမှ Update မရှိတာမို့ သူလည်းအဆက်အသွယ်မလုပ်ဘဲ နေဖြစ်ခဲ့တယ်။ တကယ်ဆို ညီမ လေးနဲ့ သူတို့ အဆက်အသွယ်မရဘဲရှိခဲ့တာ နှစ်ပေါက်လုနီးပြီ။ အဲဒီကာလတွေ တစ်လျှောက်လုံး ညီမလေးကို လူမှု ကွန်ယက်ကရော တယ်လီဖုန်းကပါ အဆက်အသွယ် ပြတ်တောက်နေခဲ့တာဖြစ်တယ်။ အဲဒီကာလတွေ အဖေဟာ ညီမလေးရှိနေတဲ့ နေရာကသတင်းတွေနဲ့ အသေအပျောက်စာရင်းတွေကို နေ့စဉ် ရှာဖွေဖတ်ရှုရင်း ဆေးပေါ့လိပ် တွေ တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်မှုပိုများလာခဲ့တယ်။

 

ထင်မှတ်မထားတဲ့ တစ်ရက်မှာတော့ ညီမလေးဆီက တယ်လီဖုန်း မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့တယ်။ မက်ဆေ့ချ် ကလည်း ခပ်တိုတိုပါပဲ။ All fine , see soon တဲ့၊ ဒီလောက်ပဲ။ မိသားစုအတွင်းမှာပဲ သိထားတဲ့ အခေါ်အဝေါ်တစ်ခု ကို အသုံးပြုပြီး သူ့ဆီ ညီမလေးက မက်ဆေ့ချ်ပို့လာခဲ့တာဖြစ်တယ်။ နောက်နှစ်ရက်လောက်နေတော့ ညီမလေး ဖုန်းခေါ်လာတယ်။ မစ်ရှင်တစ်ခုနဲ့ ပြန်လာရဖို့ရှိတဲ့အကြောင်း အသိပေးတယ်။ လာတွေ့နိုင်ဖို့ အတွက်တော့ မပြော နိုင်သေးဘူးလို့ ဆိုတယ်။ အဖေ့ကို အကျိုးအကြောင်းပြောပြရမလားဆိုတော့ ပြောပြထားလိုက်ပါတဲ့၊ မဟုတ်ရင် သူ မကျဘဲ ဆေးလိပ်တွေတအားသောက်နေတာနဲ့ပဲ အဖေအရင်ကျသွားမယ်တဲ့။ 

 

အခု ညီမလေးပို့လာတဲ့ ပုံကို ကြည့်ရင်း သူနားမလည်ဘူး ဖြစ်နေခဲ့တယ်။ တော်ရုံအကြောင်းထူးကိစ္စမရှိ ရင်၊ ပြင်းပြတဲ့ စိတ်ခံစားချက်တစ်ခုခု ရှိမနေရင် ညီမလေးက အခုလိုမျိုး ဓာတ်ပုံပို့လာတာတို့၊ စကားတစ်ခုခုပြော လာတာတို့ လုပ်လေ့လုပ်ထမရှိဘူး။

 

မြို့ကို ပြန်ရောက်လာတဲ့‌နေ့က ရောက်ပြီဆိုတဲ့အကြောင်း ညီမလေးပြောလာတယ်။ အဲဒီနောက် ဘာမှအဆက်အ သွယ်မရဘဲ ရှိခဲ့တယ်။ အခြေအနေအကျိုးအကြောင်း သေချာမသိရတာမို့  သူလည်း ညီမလေးကို မဆက်သွယ်ဘဲ ရှိခဲ့တယ်။ အခု ညီမလေးပို့လာတဲ့ ပုံကို ကြည့်ရင်း သူနားမလည်ဘူး ဖြစ်နေခဲ့တယ်။ တော်ရုံအကြောင်းထူးကိစ္စမရှိ ရင်၊ ပြင်းပြတဲ့ စိတ်ခံစားချက်တစ်ခုခု ရှိမနေရင် ညီမလေးက အခုလိုမျိုး ဓာတ်ပုံပို့လာတာတို့၊ စကားတစ်ခုခုပြော လာတာတို့ လုပ်လေ့လုပ်ထမရှိဘူး။ သိသင့်သလောက် ဆက်သွယ်ပြောလာတာမျိုးက လွဲရင်ပေါ့။

 

ဘာပုံကြီးလဲလို့ သူမေးတော့ အခုရောက်နေတဲ့နေရာရဲ့ အခန်းပြတင်းကမြင်ရတဲ့မြင်ကွင်းလို့ ညီမလေးက ပြန်ပြော တယ်။ အုတ်နံရံကြီးလား၊ အဲဒါပဲမြင်ရတာလားဆိုတော့ ဟုတ်တယ်တဲ့၊ ပြတင်းပေါက်ဆိုတာကြီးရှိပြီး မြင်ကွင်း ဘာမှ ရှိမနေတဲ့ အဓိပ္ပာယ်မဲ့ခြင်းတွေပေါ့တဲ့။

 

စီးကရက်ဘူးခွံတွေ ထောင်စီထားသလို ကပ်သပ်ကျပ်ညပ်ပြီး လေဝအောင် ရှူမရတဲ့ မြို့ပြ အခန်းကျဉ်းတွေ တစ်ခု ပြီးတစ်ခုကို  မိသားစုနဲ့အတူ ဆယ်စုနှစ်  ၂ ခုနီးပါး ပြောင်းရွှေ့ ဖြတ်သန်းနေထိုင်ခဲ့ဖူးတဲ့ ညီမလေးဆီက အခုလို  စ ကားမျိုး သူအခုမှ ကြားဖူးတာဖြစ်တယ်။ ဒါဟာ ထူးဆန်းတယ်ဆိုတာမျိုးထက် လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်ကို ညီ မလေး ခံစားသိရှိခြင်း အဖွဲ့အနွဲ့လို့ ခံစားရမိတယ်။ အဲဒီလွတ်လပ်ခြင်းအတွက်ပဲ အဖေနဲ့သူ့ကိုထားရစ်ပြီး ယုံကြည် ရာလမ်းကို ညီမလေး လျှောက်နေခဲ့တာထင်ရဲ့။

 

တစ်ခါတလေမှာ လူတွေရဲ့ ရဲရင့်ခိုင်ကျည်မှုဆိုတာ ဖြတ်သန်းရခြင်း အကြောင်းတရားတွေနဲ့ ထိတွေ့မှ သိသာထင် ရှားလာတယ်လို့ ဆိုရင် ညီမလေးက အဲဒီအမျိုးအစားထဲ ပါတယ်လို့ပြောရမယ်။ မိသားစုနဲ့အတူ ပုံမှန်ဘဝထဲ ရှိနေ စဉ်မှာ ညီမလေးဟာ တယုတယ စိုက်ပျိုးခံထားရတဲ့ ပန်းကလေးတစ်ပွင့်လို ငွင့်ငွင့်စွားစွား ရှိနေခဲ့တာမျိုးဖြစ်တယ်။ မျှော်မှန်းချက်နဲ့ အနာဂတ်ခရီးအတွက် လူငယ်ပီပီ ခေတ်ကို ဖြတ်သန်းရင်း ပျော်ရွှင်တောက်ပနေတဲ့ ငွားစွင့်နေမှုမျိုးပေါ့။  ပေါ့ပါးလွတ်လပ်ခြင်းဆိုတာ ခူးထား၊ ခပ်ထားပြီးသား ထမင်းဝိုင်းတစ်ခုလို ညီမလေးကြုံဆုံခဲ့ရတာဖြစ်တယ်။

 

အခုလည်း ပြတင်းပေါက်ကို ဖွင့်ထားထား ၊ ပိတ်ထားထား အပြင်မှာတည်ရှိနေခြင်းက အုတ်နံရံအပိတ်ကြီးဆိုတဲ့ သိ စိတ်က လက်ရှိကြုံနေရတဲ့ ခေတ်ရဲ့ အရာရာလှောင်ပိတ်ခြင်းနဲ့ နှိုင်းယှဉ်ခံစားရင်း ညီမလေး ပြင်းပြင်းထန်ထန် နာ ကျင်ခံခက် ဖြစ်နေပုံရတယ်လို့ သူယူဆမိတယ်။ 

 

ဒါကြောင့်ပဲ ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်သန်းကြုံတွေ့လာရတဲ့အခါ အရာအားလုံးကို ကျောပေး ပြီး ဆုံးရှုံးသွားတဲ့ပေါ့ပါးလွတ်လပ်ခြင်း၊မျှော်လင့်ချက်အနာဂတ်တွေ တဖန်ပြန်လည်ရှင်သန်ဖို့ဆီကို ညီမလေး မျက် နှာမူခဲ့တာ ဖြစ်မယ်။ ရွေးချယ်လျှောက်လှမ်းနေမှုအတွက် ဘယ်တော့မှ နောင်တမရခဲ့ဘူးလို့ တစ်ခါတုန်းမှာ သူ့ကို ညီမလေးက ပြောခဲ့ဖူးတယ်။ အရာအားလုံးထက် လွတ်လပ်မှုကို ညီမလေးပိုချစ်တယ်တဲ့ ။ ညီမလေးထွက်သွားပြီး နောက်ပိုင်း အဲဒီစိတ်မှာ အဖေအိပ်ယာထဲ ဘုံးဘုံးလဲနေချိန် အိမ်ပြန်လာဖို့ သူတိုက်တွန်းတော့ အဲဒီစကားကို ညီမ လေးက ပြန်ပြောခဲ့တယ်။

 

အခုလည်း ပြတင်းပေါက်ကို ဖွင့်ထားထား ၊ ပိတ်ထားထား အပြင်မှာတည်ရှိနေခြင်းက အုတ်နံရံအပိတ်ကြီးဆိုတဲ့ သိ စိတ်က လက်ရှိကြုံနေရတဲ့ ခေတ်ရဲ့ အရာရာလှောင်ပိတ်ခြင်းနဲ့ နှိုင်းယှဉ်ခံစားရင်း ညီမလေး ပြင်းပြင်းထန်ထန် နာ ကျင်ခံခက် ဖြစ်နေပုံရတယ်လို့ သူယူဆမိတယ်။ တကယ့်တကယ်တမ်းမှာလည်း ခေတ်ဟာ စစ်အာဏာနံရံကြီး ပိတ်နေခဲ့တာ မဟုတ်လား။

 

အဲဒီ အုတ်နံရံပုံကြီး ပို့လာခဲ့ပြီး နောက်ပိုင်း ညီမလေး ပျောက်နေခဲ့တယ်။ မစ်ရှင်နဲ့ပတ်သက်လို့ တစ်စွန်းတစ်စ ဘာ မှပြောလာတာမျိုးမရှိပေမဲ့ ညီမလေး အခုလို တိတ်ဆိတ်နေပုံအရ ဒီတစ်ခေါက် မစ်ရှင်လည်း ခက်ခဲတဲ့ ရွေးချယ်မှု မျိုး ဖြစ်ပုံရတယ်။ ညီမလေးမပါပေမဲ့ သူတို့အဖွဲ့ရဲ့မြို့ပြမစ်ရှင်တွေက ထင်မှတ်မထားတဲ့ ဆောင်ရွက်မှုမျိုးတွေ လုပ် လေ့ရှိသလို၊ အဲဒါတွေကလည်း အောင်မြင်နိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မစ်ရှင်အပြီး ထုတ်ပြန်တဲ့ သ တင်းတွေမှာ သူဖတ်နေခဲ့ရတာဖြစ်တယ်။ ဒီတစ်ခေါက်မစ်ရှင်နဲ့ပတ်သက်လို့တော့ ညီမလေးဆီကရော သူတို့ အဖွဲ့ ဆီကရော ထုတ်ပြန်တာတစ်ခုခု မမြင်မကြားရဘဲ ရှိနေခဲ့တယ်။

 

 

သူမကျခင်၊ ဆေးလိပ်တွေအရမ်း သောက်လို့  အဖေအရင်ကျသွားမှာစိုးတယ်လို့ ညီမလေးပြောတာကို ပြန်ပြောပြတော့ ဘာမှ မပြောဘဲ ရွက်လှပန်း အိုးလေးဆီ ထသွားပြီး ရေတွေလောင်းနေခဲ့တယ်။ 

 

ညီမလေးကိစ္စ အဖေ့ကို အကျိုးအကြောင်း ပြောပြတော့ အဖေက ဘာစကားမှ မဆိုဘဲ အိမ်ရှေ့ဝရန်တာမှာ ညီမ လေးစိုက်ခဲ့တဲ့ ရွက်လှပန်းအိုးလေးကို ငူငူကြီး၊ အကြာကြီး ငေးကြည့်နေခဲ့တယ်။ သူမကျခင်၊ ဆေးလိပ်တွေအရမ်း သောက်လို့  အဖေအရင်ကျသွားမှာစိုးတယ်လို့ ညီမလေးပြောတာကို ပြန်ပြောပြတော့ ဘာမှ မပြောဘဲ ရွက်လှပန်း အိုးလေးဆီ ထသွားပြီး ရေတွေလောင်းနေခဲ့တယ်။ သူကိုယ်တိုင်လည်း သူ့ဆီညီမလေး ဆက်သွယ်ပို့လာတဲ့ တယ် လီဖုန်းနံပါတ်ကို ပြန်လည်ခေါ်နှိပ်ဆက်သွယ်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ တကယ်လို့ ဒီနံပါတ်မှာ ဖုန်းလက်ခံဖြေ ကြား သူဟာ ညီမလေး မဟုတ်ခဲ့ရင်၊ ဒါမှမဟုတ် ဒီဖုန်းနံပါတ်ဟာ ထာဝရ သေဆုံးခဲ့ပြီဆိုရင် လို့ တွေးနေမိရင်းပေါ့။

 

˜˜˜˜

ညီမင်းဆက်

ပြတင်းပေါက်နဲ့ ကပ်လျပ်ရှိနေတဲ့ အုတ်နံရံကြီးကို ဓာတ်ပုံရိုက်ပြီး မက်ဆင်ဂျာကနေ ညီမလေးပို့လာတော့ နည်း နည်းထူးဆန်းသွားတယ်။ ခုရက်တွေထဲ ညီမလေးရဲ့ လူမှုကွန်ယက်အကောင့်က Active ဖြစ်နေပေမဲ့ အကောင့်စာ မျက်နှာမှာ ဘာတစ်ခုမှ Update မရှိတာမို့ သူလည်းအဆက်အသွယ်မလုပ်ဘဲ နေဖြစ်ခဲ့တယ်။ တကယ်ဆို ညီမ လေးနဲ့ သူတို့ အဆက်အသွယ်မရဘဲရှိခဲ့တာ နှစ်ပေါက်လုနီးပြီ။ အဲဒီကာလတွေ တစ်လျှောက်လုံး ညီမလေးကို လူမှု ကွန်ယက်ကရော တယ်လီဖုန်းကပါ အဆက်အသွယ် ပြတ်တောက်နေခဲ့တာဖြစ်တယ်။ အဲဒီကာလတွေ အဖေဟာ ညီမလေးရှိနေတဲ့ နေရာကသတင်းတွေနဲ့ အသေအပျောက်စာရင်းတွေကို နေ့စဉ် ရှာဖွေဖတ်ရှုရင်း ဆေးပေါ့လိပ် တွေ တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်မှုပိုများလာခဲ့တယ်။

 

ထင်မှတ်မထားတဲ့ တစ်ရက်မှာတော့ ညီမလေးဆီက တယ်လီဖုန်း မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့တယ်။ မက်ဆေ့ချ် ကလည်း ခပ်တိုတိုပါပဲ။ All fine , see soon တဲ့၊ ဒီလောက်ပဲ။ မိသားစုအတွင်းမှာပဲ သိထားတဲ့ အခေါ်အဝေါ်တစ်ခု ကို အသုံးပြုပြီး သူ့ဆီ ညီမလေးက မက်ဆေ့ချ်ပို့လာခဲ့တာဖြစ်တယ်။ နောက်နှစ်ရက်လောက်နေတော့ ညီမလေး ဖုန်းခေါ်လာတယ်။ မစ်ရှင်တစ်ခုနဲ့ ပြန်လာရဖို့ရှိတဲ့အကြောင်း အသိပေးတယ်။ လာတွေ့နိုင်ဖို့ အတွက်တော့ မပြော နိုင်သေးဘူးလို့ ဆိုတယ်။ အဖေ့ကို အကျိုးအကြောင်းပြောပြရမလားဆိုတော့ ပြောပြထားလိုက်ပါတဲ့၊ မဟုတ်ရင် သူ မကျဘဲ ဆေးလိပ်တွေတအားသောက်နေတာနဲ့ပဲ အဖေအရင်ကျသွားမယ်တဲ့။ 

 

မြို့ကို ပြန်ရောက်လာတဲ့‌နေ့က ရောက်ပြီဆိုတဲ့အကြောင်း ညီမလေးပြောလာတယ်။ အဲဒီနောက် ဘာမှအဆက်အ သွယ်မရဘဲ ရှိခဲ့တယ်။ အခြေအနေအကျိုးအကြောင်း သေချာမသိရတာမို့  သူလည်း ညီမလေးကို မဆက်သွယ်ဘဲ ရှိခဲ့တယ်။ အခု ညီမလေးပို့လာတဲ့ ပုံကို ကြည့်ရင်း သူနားမလည်ဘူး ဖြစ်နေခဲ့တယ်။ တော်ရုံအကြောင်းထူးကိစ္စမရှိ ရင်၊ ပြင်းပြတဲ့ စိတ်ခံစားချက်တစ်ခုခု ရှိမနေရင် ညီမလေးက အခုလိုမျိုး ဓာတ်ပုံပို့လာတာတို့၊ စကားတစ်ခုခုပြော လာတာတို့ လုပ်လေ့လုပ်ထမရှိဘူး။ သိသင့်သလောက် ဆက်သွယ်ပြောလာတာမျိုးက လွဲရင်ပေါ့။

 

ဘာပုံကြီးလဲလို့ သူမေးတော့ အခုရောက်နေတဲ့နေရာရဲ့ အခန်းပြတင်းကမြင်ရတဲ့မြင်ကွင်းလို့ ညီမလေးက ပြန်ပြော တယ်။ အုတ်နံရံကြီးလား၊ အဲဒါပဲမြင်ရတာလားဆိုတော့ ဟုတ်တယ်တဲ့၊ ပြတင်းပေါက်ဆိုတာကြီးရှိပြီး မြင်ကွင်း ဘာမှ ရှိမနေတဲ့ အဓိပ္ပာယ်မဲ့ခြင်းတွေပေါ့တဲ့။

 

စီးကရက်ဘူးခွံတွေ ထောင်စီထားသလို ကပ်သပ်ကျပ်ညပ်ပြီး လေဝအောင် ရှူမရတဲ့ မြို့ပြ အခန်းကျဉ်းတွေ တစ်ခု ပြီးတစ်ခုကို  မိသားစုနဲ့အတူ ဆယ်စုနှစ်  ၂ ခုနီးပါး ပြောင်းရွှေ့ ဖြတ်သန်းနေထိုင်ခဲ့ဖူးတဲ့ ညီမလေးဆီက အခုလို  စ ကားမျိုး သူအခုမှ ကြားဖူးတာဖြစ်တယ်။ ဒါဟာ ထူးဆန်းတယ်ဆိုတာမျိုးထက် လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်ကို ညီ မလေး ခံစားသိရှိခြင်း အဖွဲ့အနွဲ့လို့ ခံစားရမိတယ်။ အဲဒီလွတ်လပ်ခြင်းအတွက်ပဲ အဖေနဲ့သူ့ကိုထားရစ်ပြီး ယုံကြည် ရာလမ်းကို ညီမလေး လျှောက်နေခဲ့တာထင်ရဲ့။

 

တစ်ခါတလေမှာ လူတွေရဲ့ ရဲရင့်ခိုင်ကျည်မှုဆိုတာ ဖြတ်သန်းရခြင်း အကြောင်းတရားတွေနဲ့ ထိတွေ့မှ သိသာထင် ရှားလာတယ်လို့ ဆိုရင် ညီမလေးက အဲဒီအမျိုးအစားထဲ ပါတယ်လို့ပြောရမယ်။ မိသားစုနဲ့အတူ ပုံမှန်ဘဝထဲ ရှိနေ စဉ်မှာ ညီမလေးဟာ တယုတယ စိုက်ပျိုးခံထားရတဲ့ ပန်းကလေးတစ်ပွင့်လို ငွင့်ငွင့်စွားစွား ရှိနေခဲ့တာမျိုးဖြစ်တယ်။ မျှော်မှန်းချက်နဲ့ အနာဂတ်ခရီးအတွက် လူငယ်ပီပီ ခေတ်ကို ဖြတ်သန်းရင်း ပျော်ရွှင်တောက်ပနေတဲ့ ငွားစွင့်နေမှုမျိုး ပေါ့။  ပေါ့ပါးလွတ်လပ်ခြင်းဆိုတာ ခူးထား၊ ခပ်ထားပြီးသား ထမင်းဝိုင်းတစ်ခုလို ညီမလေးကြုံဆုံခဲ့ရတာဖြစ်တယ်။

 

ဒါကြောင့်ပဲ ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်သန်းကြုံတွေ့လာရတဲ့အခါ အရာအားလုံးကို ကျောပေး ပြီး ဆုံးရှုံးသွားတဲ့ပေါ့ပါးလွတ်လပ်ခြင်း၊မျှော်လင့်ချက်အနာဂတ်တွေ တဖန်ပြန်လည်ရှင်သန်ဖို့ဆီကို ညီမလေး မျက် နှာမူခဲ့တာ ဖြစ်မယ်။ ရွေးချယ်လျှောက်လှမ်းနေမှုအတွက် ဘယ်တော့မှ နောင်တမရခဲ့ဘူးလို့ တစ်ခါတုန်းမှာ သူ့ကို ညီမလေးက ပြောခဲ့ဖူးတယ်။ အရာအားလုံးထက် လွတ်လပ်မှုကို ညီမလေးပိုချစ်တယ်တဲ့ ။ ညီမလေးထွက်သွားပြီး နောက်ပိုင်း အဲဒီစိတ်မှာ အဖေအိပ်ယာထဲ ဘုံးဘုံးလဲနေချိန် အိမ်ပြန်လာဖို့ သူတိုက်တွန်းတော့ အဲဒီစကားကို ညီမ လေးက ပြန်ပြောခဲ့တယ်။

 

အခုလည်း ပြတင်းပေါက်ကို ဖွင့်ထားထား ၊ ပိတ်ထားထား အပြင်မှာတည်ရှိနေခြင်းက အုတ်နံရံအပိတ်ကြီးဆိုတဲ့ သိ စိတ်က လက်ရှိကြုံနေရတဲ့ ခေတ်ရဲ့ အရာရာလှောင်ပိတ်ခြင်းနဲ့ နှိုင်းယှဉ်ခံစားရင်း ညီမလေး ပြင်းပြင်းထန်ထန် နာ ကျင်ခံခက် ဖြစ်နေပုံရတယ်လို့ သူယူဆမိတယ်။ တကယ့်တကယ်တမ်းမှာလည်း ခေတ်ဟာ စစ်အာဏာနံရံကြီး ပိတ်နေခဲ့တာ မဟုတ်လား။

 

အဲဒီ အုတ်နံရံပုံကြီး ပို့လာခဲ့ပြီး နောက်ပိုင်း ညီမလေး ပျောက်နေခဲ့တယ်။ မစ်ရှင်နဲ့ပတ်သက်လို့ တစ်စွန်းတစ်စ ဘာ မှပြောလာတာမျိုးမရှိပေမဲ့ ညီမလေး အခုလို တိတ်ဆိတ်နေပုံအရ ဒီတစ်ခေါက် မစ်ရှင်လည်း ခက်ခဲတဲ့ ရွေးချယ်မှု မျိုး ဖြစ်ပုံရတယ်။ ညီမလေးမပါပေမဲ့ သူတို့အဖွဲ့ရဲ့မြို့ပြမစ်ရှင်တွေက ထင်မှတ်မထားတဲ့ ဆောင်ရွက်မှုမျိုးတွေ လုပ် လေ့ရှိသလို၊ အဲဒါတွေကလည်း အောင်မြင်နိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မစ်ရှင်အပြီး ထုတ်ပြန်တဲ့ သ တင်းတွေမှာ သူဖတ်နေခဲ့ရတာဖြစ်တယ်။ ဒီတစ်ခေါက်မစ်ရှင်နဲ့ပတ်သက်လို့တော့ ညီမလေးဆီကရော သူတို့ အဖွဲ့ ဆီကရော ထုတ်ပြန်တာတစ်ခုခု မမြင်မကြားရဘဲ ရှိနေခဲ့တယ်။

 

ညီမလေးကိစ္စ အဖေ့ကို အကျိုးအကြောင်း ပြောပြတော့ အဖေက ဘာစကားမှ မဆိုဘဲ အိမ်ရှေ့ဝရန်တာမှာ ညီမ လေးစိုက်ခဲ့တဲ့ ရွက်လှပန်းအိုးလေးကို ငူငူကြီး၊ အကြာကြီး ငေးကြည့်နေခဲ့တယ်။ သူမကျခင်၊ ဆေးလိပ်တွေအရမ်း သောက်လို့  အဖေအရင်ကျသွားမှာစိုးတယ်လို့ ညီမလေးပြောတာကို ပြန်ပြောပြတော့ ဘာမှ မပြောဘဲ ရွက်လှပန်း အိုးလေးဆီ ထသွားပြီး ရေတွေလောင်းနေခဲ့တယ်။ သူကိုယ်တိုင်လည်း သူ့ဆီညီမလေး ဆက်သွယ်ပို့လာတဲ့ တယ် လီဖုန်းနံပါတ်ကို ပြန်လည်ခေါ်နှိပ်ဆက်သွယ်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ တကယ်လို့ ဒီနံပါတ်မှာ ဖုန်းလက်ခံဖြေ ကြား သူဟာ ညီမလေး မဟုတ်ခဲ့ရင်၊ ဒါမှမဟုတ် ဒီဖုန်းနံပါတ်ဟာ ထာဝရ သေဆုံးခဲ့ပြီဆိုရင် လို့ တွေးနေမိရင်းပေါ့။

 

˜˜˜˜


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။