ပျူလူမျိုးဆိုတာ တိဘက်တိုဘာမင် အနွယ်ဝင်၊ ခရစ်နှစ် ၃ရာစုအလယ်လောက်ကတည်းက မြန်မာနိုင်ငံထဲ ရောက်ရှိလာခဲ့။ မြန်မာနိုင်ငံထဲ အစောဆုံးဝင်ရောက်လာတဲ့လူမျိုးတွေထဲအပါအဝင်။ ဧရာဝတီမြစ်ဝှမ်း ရွှေဘိုလောက်ကနေ ပြည်မြို့အထိ ဖြန့်ကျက်နေထိုင်ခဲ့ကြတယ်။
အေဒီ ၄ ရာစုနဲ့ ၅ ရာစုမှာ ပျူတွေဟာ မြန်မာနိုင်ငံထဲ အထွတ်အထိပ်ရောက်ခဲ့တယ်။ ပျူတွေမှာ ပျူစာပေ ဆိုတာရှိတယ်။ ပျူတွေဟာဗုဒ္ဓဘာသာကို ကျမ်းဂန်ကျကျ သိရှိကိုးကွယ်၊ သူ့အသက်သတ်ရမှာ ဝန်လေးလို့ ပိုးထည်ကိုမဝတ်ဆင်။ ပျူတွေမှာ သူတို့တီထွင်ထားတဲ့ တူရိယာမျိုးစုံရှိသလို အနုပညအကအလှ ဝေဝေဆာဆာ။ အေဒီ ၈၀၂မှာ တရုတ်ဘုရင်ရဲ့ဖိတ်ကြားမှုအရ တရုတ်ပြည်သို့ အနုပညာအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ဖူးတယ်။
ပျူတို့နန်းစိုက်ရာ ပြည်မြို့အနီးက သရေခေတ္တရာမြို့ဟောင်းထဲ ရှေးဟောင်းလက်ရာတွေ့ရှိချက်တွေက ပျူလူမျိုးတွေ ကြီးကျယ်ခမ်းနားခဲ့ကြောင်း ပြဆိုခဲ့တယ်။ နန်ကျောင်တို့လာတိုက်လို့ ၈ ရာစုအကုန်လောက်မှာ ပျက်ပြီးနောက် ဟန်လင်းမှာ ထပ်မံနန်းစိုက်။ ခရစ်နှစ် ၈၃၂ မှာ နန်ကျောင်တွေထပ်ဖျက်လို့ ပျက်ပြန်။ အဲဒီနောက်ပျူတွေ ကစဉ့်ကလျား။ ဘာပဲဖြစ်ဖြစ် ပျူလူမျိုးတွေဟာ သူတို့ကြီးပွားခဲ့စဉ်က အာဏာသက်ရောက်မှု ပိုင်နက်နယ်မြေ ကျယ်ကျယ်ဝန်းဝန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ နိုင်ငံခြားဆက်ဆံရေးစတဲ့ ပြည်ထောင်စုတစ်ခုရဲ့ သွင်ပြင် အပြည့်အစုံမို့ ဒေါက်တာသန်းထွန်းတို့လို သမိုင်းပညာရှင်တွေက ပျူနိုင်ငံကို မြန်မာနိုင်ငံရဲ့ ပထမပြည်ထောင်စုအဖြစ်သတ်မှတ်ကြတယ်။
မွန်ဒေသ မိကြင်နိုင်ငံ (ပဲခူးလို့ထင်ရ) ကိုတိုက်တော့လည်း ဗမာတွေပါခဲ့တော့ မြန်မာတစ်ဝန်း ပထဝီသွင်ပြင်ကို ဗမာတွေ ကောင်းကောင်းကျက်မိ။
ကျနော်တို့ ဗမာတွေကလည်း ပျူလူမျိုးတွေနဲ့ တစ်အုပ်စုတည်း၊တိဘက်တိုဘာမင်အနွယ်။ ဗမာတွေရဲ့ မူလဘိုးဘွားတွေက တရုတ်နိုင်ငံ၊ ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းမှာစတင်။ သူတို့နဲ့ခေတ်ပြိုင်တွေထဲ ယဉ်ကျေးမှု အဆင့်အတန်းခမ်းနားခဲ့ကြသူတွေ လို့ဆိုတယ်။ ဒါပေမဲ့ တရုတ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် တောင် ဘက်အရပ်ဆီ ရွှေ့ပြောင်းလာရာကနေ ခရစ် ၇ ရာစုမှာ တရုတ်-မြန်မာနယ်စပ်သို့ရောက်ရှိ။ နန်ကျောင်ရဲ့ အုပ်စိုးမှုခံရကာ မြင်းစီး ကျွမ်းကျင်ပြီး သတ္တိရှိတဲ့ အသေခံတပ်သားစစ်သူရဲတွေအဖြစ် နန်ကျောင်တို့ လျှောက်တိုက်တဲ့ အရှေ့တောင်အာရှ ဒေသအနှံ့ တပ်ဦးကနေတိုက်ပွဲဝင်ခဲ့ရတယ်။
သရေခေတ္တရာကို နန်ကျောင် လာတိုက်တုန်းကလည်း ဗမာတွေပါတယ်။ ဟန်လင်းကိုတိုက်တော့ လည်းပါတယ်။ ပြီးတော့ မွန်ဒေသ မိကြင်နိုင်ငံ (ပဲခူးလို့ထင်ရ) ကိုတိုက်တော့လည်း ဗမာတွေပါခဲ့တော့ မြန်မာတစ်ဝန်း ပထဝီသွင်ပြင်ကို ဗမာတွေ ကောင်းကောင်းကျက်မိ။
နန်ကျောင်တိုက်လို့ ပျူတွေလည်း ချိနဲ့လွင့်စင်၊ မွန်တွေလည်း တကွဲတပြား။ ပြီးတော့ နန်ကျောင်လည်း အာဏာအရှိန်အဝါကျချိန် ခရစ်နှစ် ၉ ရာစုလောက်မှာ ရှမ်းပြည်ဘက်ကနေ နတ်ထိပ်တောင်ကြားလမ်း အတိုင်းအပြင်းနှင်ကာ ကျောက်ဆည်ကို မြန်မြန်ဆန်ဆန်သိမ်းပိုက်လိုက်တယ်။ ပြောရရင် နန်ကျောင်လက် အောက်ခံအဖြစ်ကနေ ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်။
ဗမာတွေတည်ထောင်တဲ့ပြည်ထောင်စုသည်သာ မြန်မာမှာ ပထမပြည်ထောင်စုအဖြစ် မောင်ဦးလုပ်လိုက်ကြတယ်။ မြန်မာနိုင်ငံကို ဗမာတွေကပဲ စတင်ခဲ့သယောင် ရာဇဝင်ဆရာတွေက ဗမာဘုရင်တွေအကြိုက် ရေးသားခဲ့ကြပုံရပါတယ်။
ကျောက်ဆည်လွင်ပြင်ကို စစ်သွေးကြွဗမာတွေ ကြီးစိုးလာတယ်။ အခြေတကျနဲ့ဒေသတစ်ဝန်း စိတ်ချလက်ချ အုပ်စီးထားနိုင်ပြီဆိုတော့ ယဉ်ကျေးမှုအရာမှာ မွန်နဲ့ပျူတွေကို ဆရာတင် သင် ယူခဲ့တယ်။ နတ်နဂါး ကိုးကွယ်မှုကနေ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြတယ်။ ဧရာဝတီမြစ်ဘေးက ပုဂံကို ဌာနချုပ်အဖြစ် ဗမာတို့ ရွေးချယ်လိုက်တယ်။ မြန်မာရာဇဝင်ကျမ်းတွေက အေဒီ ၈၅၀ မှာ ပျဉ်ပြားမင်းက ပုဂံကိုတည်ခဲ့တယ်လို့ဆိုတယ်။အနော်ရထားလို့ဆိုတဲ့ အနိရုဒ္ဓဘုရင်လက်ထက်မှာ ဗမာတွေ အထွတ်အထိပ်ကို ရောက်လာတယ်။
ဒေါက်တာသန်းထွန်းက ပုဂံနေပြည်တော်ကို ဒုတိယပြည်ထောင်စုလို့ သတ်မှတ်ပေမဲ့ ဗမာလူမျိုးကြီး စိတ်လွန်ကဲတဲ့ အဆက်ဆက်သော သမိုင်းစာအုပ်တွေက ပုဂံကို ပထမပြည်ထောင်စုလို့ဆိုကာ မြန်မာမှာစတင် ကြီးပွားခဲ့တဲ့ ပျူတွေရဲ့သမိုင်းကို မှိန်ဖျော့ပစ်ခဲ့ကြ။ ဗမာတွေတည်ထောင်တဲ့ပြည်ထောင်စုသည်သာ မြန်မာမှာ ပထမပြည်ထောင်စုအဖြစ် မောင်ဦးလုပ်လိုက်ကြတယ်။ မြန်မာနိုင်ငံကို ဗမာတွေကပဲ စတင်ခဲ့သယောင် ရာဇဝင်ဆရာတွေက ဗမာဘုရင်တွေအကြိုက် ရေးသားခဲ့ကြပုံရပါတယ်။
အထက်မှာပြောခဲ့တဲ့ ဗမာတွေ တရုတ်ပြည်ကနေ အဆင့်ဆင့်ပြေးလာခဲ့တာတွေ၊ နန်ကျောင်လက်အောက်ခံ စစ်သူရဲဖြစ်ခဲ့တဲ့ ခိုင်လုံမှုရှိတဲ့ သမိုင်းအထောက်အထားတွေဟာလည်း အခြေခံပညာအဆင့် ကျောင်းသုံးပြဌာန်းစာအုပ်ပေါ်တက်ခွင့်မရဘဲ စိတ်ကူးယဉ်မှန်နန်းရာဇဝင်သာ ဒီနေ့ထိတိုင် မော်ကြွားနိုင်ခဲ့ တယ်။
ကျန်စစ်သားတို့လိုဦးအောင်ဇေယျတို့လို ငါတပါးမင်း (မင်းမျိုးမဟုတ်ဘဲမင်းဖြစ်လာသူ) တွေကိုကျတော့ ဘုရားဗျာတိတ်တော်အရ ဘုရင်ဖြစ်လာတာလိုလို၊ ဘုရားနဲ့ပဲအမျိုးတော်စပ်တာလိုလို နေနတ်သားကနေ မွေးဖွားလာတာလိုလိုနဲ့ ဘုရင်မျိုးရိုးမဟုတ်လို့ ဂုဏ်ငယ်ရတာမျိုးမဖြစ်အောင် ဘုရင်အကြိုက် ရာဇဝင်ဆရာတို့က ကလောင်စွမ်းပြခဲ့ကြတယ်။
မြန်မာအစ တကောင်းကလို့ဆိုတယ်။ ရှေးဗမာတွေက အိန္ဒိယကိုလည်း ကြွေ၊ ဗုဒ္ဓဘာသာယုံကြည်မှုကလည်း မျက်လုံးစုံမှိတ်အရူးအမူးဖြစ်လေတော့ ဂေါတမဘုရားနဲ့ ချိတ်ဆက် သာကီဝင်မင်းမျိုး မင်းကြီးအဘိရာ ဇာဟိုး…အိန္ဒိယကနေ ရောက်လာပြီး တကောင်းမြို့ကြီးကို တည်ထောင်စိုးစံသတဲ့။ သာကီဝင်ဆိုတာ ကမ္ဘာ့ပထမ မဟာသမ္မတမင်းရဲ့ အဆက်လို့လည်း ရှေးရာဇဝင်ဆရာတို့က ဆိုလိုက်ကြသေးတယ်။
ကျန်စစ်သားတို့လိုဦးအောင်ဇေယျတို့လို ငါတပါးမင်း (မင်းမျိုးမဟုတ်ဘဲမင်းဖြစ်လာသူ) တွေကိုကျတော့ ဘုရားဗျာတိတ်တော်အရ ဘုရင်ဖြစ်လာတာလိုလို၊ ဘုရားနဲ့ပဲအမျိုးတော်စပ်တာလိုလို နေနတ်သားကနေ မွေးဖွားလာတာလိုလိုနဲ့ ဘုရင်မျိုးရိုးမဟုတ်လို့ ဂုဏ်ငယ်ရတာမျိုးမဖြစ်အောင် ဘုရင်အကြိုက် ရာဇဝင်ဆရာတို့က ကလောင်စွမ်းပြခဲ့ကြတယ်။
တူးဖော်တွေ့ရှိချက်တွေအရ တကောင်းဟာ ပုဂံထက်မစောဘူးဆိုတာ ခေတ်သစ်သမိုင်းဆရာတွေက အကုန်သိပြီးဖြစ်တယ်။ဒါပေမဲ့၊ ဒီနေ့ထိတိုင် မြန်မာအစ တကောင်းကနဲ့ သာကီဝင်မင်းမျိုးဆိုတဲ့ မဟုတ်မဟပ် ဇာတ်လမ်းက များစွာသော ပြည်သူတွေအပေါ် လွှမ်းမိုးထားဆဲပါပဲ။
ဒီကြားထဲ ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ အင်မတန်အေးချမ်းသာယာတဲ့နိုင်ငံဆိုတဲ့ ဘုန်းကြီး တချို့ရဲ့ အမြင်စူးရှမှုတွေကလည်း အလုံပိတ်ကမ္ဘာမှာ ဘဝင်မြင့်စွာနဲ့ နေတတ်ဖို့ အကောင်းဆုံးလမ်းညွှန်ချက် ဖြစ်ပါတယ်။
ဒီကြားထဲ အရင်စစ်အစိုးရလက်ထက်တုန်းက ပုံတောင်ပုံညာမှာတွေ့တဲ့ ပရိုင်းမိတ်ရုပ်ကြွင်းတွေကို အကြောင်းပြုပြီး အာဏာရှင်ခင်ညွန့်နဲ့အပေါင်းအပါတွေက လူသားအစ မြန်မာကလိုလို ဂျင်း (ချင်း) အကြီးကြီး ထပ်ထည့်ပြန်ရာ လူမျိုးရေးအစွန်းရောက်တွေက လက်သီးလက်မောင်းတွေတန်းလို့ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သေးတယ်။
ပြောရရင် ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ခမ်းနားတဲ့ လူမျိုးတစ်မျိုးအဖြစ် မြင်တတ်အောင် အဲဒီထိုးဇာတ်တွေက အကောင်းဆုံးလှုံ့ဆော်ခဲ့သလို အတိတ်က ရွှေထီးဆောင်းခဲ့တာကို ပြန်မြင်စေပြီး ပစ္စက္ခဘဝကိုမေ့စေကာ ကိုယ့်ကိုယ့်ကိုယ် ဟုတ်လှပြီလို့အထင်ရောက်အောင် ရည်ရွယ်ချက်ရှိရှိ ထိုးဇာတ်ခင်းခဲ့ကြတာများလို့ တောင် ဆက်တွေးရပါမယ်။
ဒီကြားထဲ ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ အင်မတန်အေးချမ်းသာယာတဲ့နိုင်ငံဆိုတဲ့ ဘုန်းကြီး တချို့ရဲ့ အမြင်စူးရှမှုတွေကလည်း အလုံပိတ်ကမ္ဘာမှာ ဘဝင်မြင့်စွာနဲ့ နေတတ်ဖို့ အကောင်းဆုံးလမ်းညွှန်ချက် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ်တင်မက ဟောင်းနွမ်းဆွေးမြေ့မှုမှန်သမျှကိုပါ အသစ်တဖန်ပြောင်းလဲဖို့ ဖြစ်သလို သမိုင်းအမှားတွေကိုလည်း ငြင်းပယ်၊ အရှိကိုအရှိအတိုင်းနဲ့ ကျနော်တို့ရဲ့ ဘဝင်မြင့်နေမှုတွေကိုလည်း တော်လှန်ရမှာဖြစ်ပါတယ်။
တကယ်တော့ မြန်မာဆိုတာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြီး ၂ နိုင်ငံကြား သေးသေးကွေးကွေးနိုင်ငံတစ်နိုင် ငံဖြစ်သလို နိုင်ငံသေးသလောက် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ စစ်အာဏာရှင်ကိုမြေလှန်ဖို့ အသက်တွေဘဝတွေပေးလို့ ရုန်းကန်နေရတဲ့နိုင်ငံဖြစ်ပါတယ်။
ဒီနိုင်ငံက အဆက်ဆက်သော လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ရဲ့အောက် ဆင်းရဲမွဲတေတဲ့နိုင်ငံမှာ ဘက်ပေါင်းစုံ အနောက်ကျကြီးကျလို့ ဒီနေ့ခေတ် ဂျန်နရေးရှင်းဇက်တွေဟာ စာသင်ခန်းတွေကိုစွန့်ခွာ သေနတ်တွေကိုင်ကာ အနာဂတ်မြန်မာမှာ ကိုယ့်ဘဝကိုယ် ပိုင်ဆိုင်ရေး အသက်တွေစိတ်ကြိုက်ရင်းနေရဆဲပါပဲ။
နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ်တင်မက ဟောင်းနွမ်းဆွေးမြေ့မှုမှန်သမျှကိုပါ အသစ်တဖန်ပြောင်းလဲဖို့ ဖြစ်သလို သမိုင်းအမှားတွေကိုလည်း ငြင်းပယ်၊ အရှိကိုအရှိအတိုင်းနဲ့ ကျနော်တို့ရဲ့ ဘဝင်မြင့်နေမှုတွေကိုလည်း တော်လှန်ရမှာဖြစ်ပါတယ်။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။