Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နှစ်ကူးပြီ၊ ခေတ်လည်းကူးတော့မည် (Opinion)

ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ...။ 

 

မင်းအမည်က ကမ္ဘာကျော် TIME မဂ္ဂဇင်းက ရွေးချယ်တဲ့ အသိအမှတ်ပြု ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ပါလာပါလားကွ။ ဂုဏ်ယူစရာတော့မဟုတ်ဘူး ဟေ့ကောင်ရေ။ မပြောကောင်း ပြောကောင်း၊ မင်းသမ္မတဖြစ်လာလည်း လူရာဝင်တော့မယ့်ကိန်း မရှိတော့ဘူးဗျ။ ဘာလို့လဲဆိုတော့ မင်းကိုအသိအမှတ်ပြုတာက လက်နက်အားကိုးနဲ့ မိမိတို့ပြည်သူအပေါ် အယုတ်မာဆုံး၊ အရက်စက်ဆုံးနှိပ်ကွပ်သူအြဖစ် အသိအမှတ်ပြုလိုက်လို့ပါပဲ။ ဒီတော့ သတိုးအဂ္ဂမဟာစည်သူ၊ သတိုးသီရိသုဓမ္မဆိုတဲ့ဘွဲ့တွေ ဆွဲချိတ်ထားလည်း ဂုဏ်လေးရုံ ရှိတော့တာပေါ့ကွာ။ လွှင့်သာပစ်လိုက်ပါတော့။ ဘာနဲ့မှ ဖုံးကွယ်လို့လည်းမရတော့ဘူး။ အဲဒါ မင်းလုပ်ရပ်တွေကို ကမ႓ာကတုန့်ပြန်လိုက်တဲ့ ရိုက်ခတ်ချက်တွေပါပဲ။ 

 

 လူစည်ကားပြီဆိုမှ ရှော့ဒုံးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးခွဲ။ ပြီးရင် PDFတွေ လွှဲချပေါ့ကွာ။ PDFတွေက မင်းတို့လိုမဟုတ်ဘူး။ လူသားစိတ်ရှိကြတယ်။ နိုင်ငံကိုဖျက်ဆီးနေကြတဲ့ စခ၊ ရခ တွေကိုသာ တော်လှန်ကြတာ။ အပြစ်မဲ့တဲ့ပြည်သူတွေကို မထိခိုက်အောင် ရှောင်ရှားတတ်ကြတယ်။ 

 

မင်းကလည်း အသိအမှတ်ပြုဆို ပြုလောက်စရာပေပဲ။ လူစိတ်မရှိတော့လောက်အောင်ကို ယုတ်မာရက်စက်တာကိုးကွ။ သင်္ကြန်မှာ စခတွေကိုတော့ တပ်တွင်းမှာသာ ကျင်းပပြုလုပ်ကြဖို့ ခိုင်းစေတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကို ရေကစားမဏ္ဌပ်ကြီးတွေ တည်ဆောက်ပေးဖို့ အတင်းအဓမ္မဖိအားပေး။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း မဖြစ်မနေလာရောက်ကြဖို့ ခိုင်းစေ။ စားစရာစတုဒီသာသာမက မကြားစဖူး အရက်ဘီယာတောင် စတုဒီသာတဲ့လေ။ လူစည်ကားပြီဆိုမှ ရှော့ဒုံးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးခွဲ။ ပြီးရင် PDFတွေ လွှဲချပေါ့ကွာ။ PDFတွေက မင်းတို့လိုမဟုတ်ဘူး။ လူသားစိတ်ရှိကြတယ်။ နိုင်ငံကိုဖျက်ဆီးနေကြတဲ့ စခ၊ ရခ တွေကိုသာ တော်လှန်ကြတာ။ အပြစ်မဲ့တဲ့ပြည်သူတွေကို မထိခိုက်အောင် ရှောင်ရှားတတ်ကြတယ်။ 

 

 

မင်းတို့ကသာ ကန့်ဘလူမြို့နယ် မလယ်အုပ်စု ပဇီကြီးကျေးရွာကို အဆင်အခြင်မဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ ကြဲခဲ့ကြတာလေ။ ဘယ်လောက် လူမဆန်လိုက်ပါသလဲ။ အဲဒီမှာ အမျိုးသား ၁၁၁ ယောက်၊ အမျိုးသမီး ၂၅ ယောက်၊ ကလေး ၃၈ ယောက်၊ စုစုပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ကြရတယ်။ အဲဒီမှာ အမျိုးသမီးတွေရော၊ ကလေးတွေကရော PDF တွေလား။ အပြစ်မဲ့ပြည်သူတွေကွ။ အဲဒါ မင်းတို့အနေနဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုပဲ။ ရာဇဝတ်မှုပေပဲ။ မင်းတို့ အဲဒီလို အစုလိုက်အပြံုလိုက်လူသတ်မှုေတွကို ကချင် နမ့်ပကာမှာလည်း ကျူးလွန်ခဲ့တယ်။ ပင်လောင်းနယ်၊ ကနီနယ်၊ စစ်ကိုင်းတိုင်း၊ ချင်းတို့မှာလည်း ကျူးလွန်ခဲ့ကြတယ်။ တကယ်တော့ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ မင်းတို့လုပ်ရပ်တွေဟာ နိုင်ငံအတွက် ပြည်သူအတွက် အကျိုးမဲ့စေတဲ့ မင်းတို့အုပ်စု လက်တစ်ဆုပ်စာလောက်သာ အာဏာတည်တံ့စေတဲ ရာဇဝတ်ဂိုဏ်းလုပ်ရပ်တွေ မဟုတ်ပါလား။ 

 

 

TIME မဂ္ဂဇင်းက မင်းကို ကမ႓ာသိ အယုတ်မာဆုံး၊ အရက်စက်ဆုံးအဖြစ် အသိအမှတ်ပြုလိုက်တာပေါ့ကွာ။ အဲဒါ မင်းနဲ့ လျှော်ကန်ထိုက်တန်တဲ့ဂုဏ်ပုဒ္​ပါပဲ။ 

 

ဒါကြောင့်လည်း TIME မဂ္ဂဇင်းက မင်းကို ကမ႓ာသိ အယုတ်မာဆုံး၊ အရက်စက်ဆုံးအဖြစ် အသိအမှတ်ပြုလိုက်တာပေါ့ကွာ။ အဲဒါ မင်းနဲ့ လျှော်ကန်ထိုက်တန်တဲ့ဂုဏ်ပုဒ္​ပါပဲ။ 

 

ဒီမှာ။ မင်းက မင်းရဲ့ကိုယ်ကျိုးအတွက် လက်နက်အားကိုးနဲ့ ပြည်သူ့အာဏာ သိမ်းပိုက်လိုက်တယ်။ ပြီးရင် မင်းစိတ်ကြိုက် ရွေးကောက်ပွဲပုံစံပြုလုပ်ပြီး မင်းစိတ်ကြိုက် အစိုးရတစ်ရပ်ဖွဲ့စည်းကာ မင်းစိတ်ကြိုက်လမ်း လျှောက်ဖို့ မျှော်လင့်စိတ်ကူးခဲ့တယ်မဟုတ်လား။ ဒါပေမဲ့ မျှော်လင့်တဲ့စိတ်ကူးနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေက အရှေ့တစ်လမ်း အနောက်တစ်လမ်း၊ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေခဲ့ပြီလေ။ ခုဆို မင်းတို့ဖြစ်စေချင်တဲ့လမ်းအတိုင်း ရက်စက်ယုတ်မာစွာနဲ့ မင်းတို့လျှောက်လာကြတာ ၂နှစ်ကျော်ကာလ ရောက်လာပြီမဟုတ်လား။ ဘယ်မှာ မင်းတို့တည်ဆောက်ချင်တဲ့လမ်း အကောင်အထည်ဖော်ဖို့နေေနသာသာ ပန္နက်တောင်မရိုက်နိုင် ဖြစ်နေတယ်မဟုတ်ပါလား။ ဒါကို မင်းအနေနဲ့ ထမင်းစားနေတဲ့လူဆိုရင် နားလည်သဘောပေါက်သင့်တာပေါ့ကြာ။ 

           

ဒါပေမဲ့ မင်းတို့က စစ်အာဏာရှင်တွေရဲ့ လမ်းစဉ်အတိုင်း အပြုတ်တိုက်ရေးမူကို စွဲကိုင်ထားကြတာလေ။ မောင်နေဝင်းလည်း ဟန်ဆောင်ငြိမ်းချမ်းရြေးပုလုပ်ပြီး အပြုတ်တိုက်ခဲ့တာပဲ မဟုတ်လား။ ဘယ်မှာ သူသာပြုတ်သွားပြီး KIA, KNUနဲ့ ဗကပတို ပြုတ်ခဲ့ကြလိုလဲ။ မောင်သန်းရွှေလက်ထက်လည်း ဒုခေါင်းဆောင် မောင်အေးက နောင်ဆို ကရင်ကို နတ်ကွန်းမှာပဲ တွေ့ကြရလိမ့်မယ်လို့ ကြုံးဝါးခဲ့တာပဲလေ။ ဘယ်မှာ သူတို့သာပြုတ်သွားပြီး KNU ပြုတ်ခဲ့လို့လဲ။ ခုလည်း မင်းတို့က ၂၀၂၃-၂၄ခု ဘဏ္ဌာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ အသုံးကြုပြီး PDFနဲ့ EAOတွေကို အပြုတ်တိုက်မယ်ပေါ့လေ။ ကြည့်နေပါ။ မင်းတို့သာပြုတ်သွားပြီး PDFတွေ၊ EAOတွေ ရှင်သန်နေကြဦးမယ်ဆိုတာ။ 

 

 

အပြုတ်တိုက်ရေးလမ်းစဉ်က သမိုင်းအစဉ်အဆက် မှားယွင်းတဲ့ ဗျူဟာကြီးပဲ။ ဒါပေမဲ့ မင်းတို့က ဆက်လက်ကျင့်သုံးနေကြတယ်။ ဒါမှလည်း မင်းတို့စစ်အာဏာရှင်တွေ သက်ဆိုးရှည်နိုင်ကြမယ်မဟုတ်လား။ နိုင်ငံတော်ကတော့ ဆင်းရဲတွင်း ပိုမိနက်သွားစေတာပေါ့ကွယ်။

 

ဒီမှာ။ အပြုတ်တိုက်ရေးလမ်းစဉ်က သမိုင်းအစဉ်အဆက် မှားယွင်းတဲ့ ဗျူဟာကြီးပဲ။ ဒါပေမဲ့ မင်းတို့က ဆက်လက်ကျင့်သုံးနေကြတယ်။ ဒါမှလည်း မင်းတို့စစ်အာဏာရှင်တွေ သက်ဆိုးရှည်နိုင်ကြမယ်မဟုတ်လား။ နိုင်ငံတော်ကတော့ ဆင်းရဲတွင်း ပိုမိနက်သွားစေတာပေါ့ကွယ်။ ဒါပေမဲ့ မင်းတို့က နိုင်ငံတော်ကို မျက်နှာမမူဘဲ မင်းတို့ကိုယ်ကျိုးကိုသာ မျက်နှာမူကြတဲ့ကောင်တွေဆိုတော့ အပြုတ်တိုက်ရေးကိုသာ မိုက်မဲစွာ ကျင့်သုံးပြမူကြပေလိမ့်မယ်။ 

 

 ခုလည်း တို့ပြည်သူတွေ ဘယ်ခေတ်ကမှ မကြုံတွေ့ဖူးတဲ့ ဘဝတွေ၊ အသက်တွေ၊ စည်းစိမ်တွေ ပေးဆပ်နေကြရတယ်။ မင်းတို့တွေ တည်ရှိနေသမျှလည်း တို့ပြည်သူတွေအနေနဲ့ ဒီလိုအဖြစ်ဆိုးတွေ ခံစားနေကြရဦးမှာပါပဲ။ ဒါကြောင့် လူငယ်တွေက နောင်မျိုးဆက်တွေ ခုလိုမကြံုတွေ့ရအောင် အသက်ပေးပြီး တော်လှန်နေကြတာပေါ့။ PDFတွေရဲ့ ကိုယ်ကျိုးမဖက် စွန့်လွှတ်နေမှုတွေကြောင့် တို့ပြည်သူတွေကလည်း တခဲနက် ထောက်ခံ၊ ကူညီ၊ အားပေးနေကြတာပေါ့ကွာ။ ဒီတော့ မင်းတို့ရဲရန်သူဟာ PDF, EAOတွေတင်မက ကြည်သူတစ်ရပ်လုံးဖြစ်နေပြီဆိုတာ နားလည်သဘောပေါက်ထားလိုက်ေပရော့။ နိုင်ငံနဲ့ ပြည်သူတွေရဲ စခ၊ ရခအဖြစ် သတ်မှတ်ခံထားရတဲ မင်းတို့အကြမ်းဖက်ရာဇဝတ်ဂိုဏ်းဟာ အောင်မြင်စရာလမ်း မရှိတော့ဘူးဆိုတာလည်း နားလည်ထားလိုက်ကြပေရော့။ ကျိန်းသေပေါက် ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရတောမယ်။ 

 

 

အဓိကတရားခံဟာ မင်းပဲကွ။ မင်းရဲ အမြော်အမြင်နည်းပါးမှု၊ လူသားချင်းစာနာစိတ် ကင်းမဲ့မှုတွေကြောင့်ပါပဲ။ အဲဒီမှာ စီမံခန်ခွဲမှု ခေါင်းဆောင်မှုအရည်အချင်းတွေကလည်း ညံ့ဖျင်းနုံချာလေတော့ နိုင်ငံလည်း ယိုင်နဲ့သွားရတယ်။ 

 

တကယ်တော့ ကုလကိုယ်စားလှယ် နိုလင်းဟေဇာပြောဆိုသလို တို့နိုင်ငံမှာ တွေ့ဆုံ၊ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့လမ်းဟာ ပျောက်ဆုံးသွားပါပြီ။ အင်မတန်ဝမ်နည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ပါပဲ။ အဲဒီအနေအထားရောက်သွားတာလည်း အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ အဓိကတရားခံဟာ မင်းပဲကွ။ မင်းရဲ အမြော်အမြင်နည်းပါးမှု၊ လူသားချင်းစာနာစိတ် ကင်းမဲ့မှုတွေကြောင့်ပါပဲ။ အဲဒီမှာ စီမံခန်ခွဲမှု ခေါင်းဆောင်မှုအရည်အချင်းတွေကလည်း ညံ့ဖျင်းနုံချာလေတော့ နိုင်ငံလည်း ယိုင်နဲ့သွားရတယ်။ မင်းတို့အဖွဲ့အစည်းလည်း အကြမ်းဖက်ရာဇဝတ်ဂိုဏ်းအဖြစ် လျှောကျသွားရတောတယ်။ အဲဒီအချက်ကို စခတွေ၊ ရခတွေ သဘောပေါက်သင့်ကြတယ်။ 

 

ဒီတော့ မင်းတို့အနေနဲ့ မအလ ခိုင်းစေတဲ့ အမိန့်တွေကို ကျွန်သဘောက်တွေလို နာခံဆောင်ရွက်ကြမလား။ နိုင်ငံနဲ့ပြည်သူဘက် မျက်နှာမူကြမလားဆိုတာ စဉ်းစားဆုံးဖြတ်ကြပေရော့။ အနာဂတ်မှာ ကျွန်သဘောက်လို အမိန့်နာခံဆောင်ရွက်ရင် ဘယ်လိုဆုလာဘ်တွေ ရနိုင်မလဲ၊ အသက်ပေးလိုက်ရတာနဲ မိသားစုဘဝ ပျက်ကြရုံသာ။ အခြားမရှိတော့ဘူး။ ထင်ရှားတဲ့ပြယုဂ်အဖြစ် သန်းလှိုင်၊ မြတ်သက်ဦးပဲ မဟုတ်လား။ အေး ပြည်သူတွေဘက် မျက်နှာမူရင်တော့ အနာဂတ်မှာ မိသားစုဘဝလေး သာယာပျော်ရွှင်နိုင်ကြတာပေါ့ကွာ။ ဟုတ်ရဲ့လား။ ဒီတော မင်းတို့ကိုင်ဆောင်ထားတဲ သေနတ်ပြောင်းဝကို ပြည်သူတွေဘက်လှည့်မယ့်အစား မအလ မ.အ.လဘက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လှည့်လိုက်ကြစမ်းပါ။ 

 

ငါ့ကောင်တွေရာ။ လူ့ဘဝဆိုတာ ရခဲပါဘိ။ ရတုန်းရခိုက်လူ့ဘဝကလေး လူလိုမနေရဘဲ စခ၊ ရခ တွေ ဖြစ်နေကြရတယ်ဆိုတော့ ရင်နာစရာပါပဲ။ ရုန်းထွက်လိုက်ကြစမ်းပါကွာ။ 

 

ခုလည်း ကြည့်။ မင်းတို့ဘဝ၊ မင်းတို့မိသားစုဘဝ လုံခြုံမှု ရှိကြပါရဲ့လား။ လူလိုသူလို တာဝန်ချိန် တာဝန်၊ အနားယူချိန်၊ အနားယူကြရပါရဲ့လား။ တိရစ္ဆာန်တစ်ကောင်လို ခိုင်းစေခြင်းကို ခံနေကြရတယ်မဟုတ်ပါလား။ အဲဒါတွေက မင်းတို့တတွေ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နေကြလို့ မဟုတ်ဘူးနော်။ မအလ ရဲ့အကျိုးစီးပွားအတွက် တံပိုးတပ်ခံ ရုန်းနေကြရလို့ပဲကွ။ ငါ့ကောင်တွေရာ။ လူ့ဘဝဆိုတာ ရခဲပါဘိ။ ရတုန်းရခိုက်လူ့ဘဝကလေး လူလိုမနေရဘဲ စခ၊ ရခ တွေ ဖြစ်နေကြရတယ်ဆိုတော့ ရင်နာစရာပါပဲ။ ရုန်းထွက်လိုက်ကြစမ်းပါကွာ။ 

 

ခုဆို PDFတွေက တူမီးတွေ မကိုင်ဆောင်ကြတော့ဘူးနော်။ ရှော့တိုက်ဒုံးတွေ ဖောဖောသီသီ သုးနေကြပြီ။ ဒရုန်းနဲ့ ဆယ်ချီ၊ ရာချီပြီး အသုံးပြုနေကြပြီ။ စခ၊ ရခ စခန်းတွေလည်း အတိုက်ခံနေရတာ နိစ္စဓူဝဆိုတာ အံ့သစရာသတင်း မဟုတ်တော့ဘူးရယ်။ ဖလမ်းကနေ ဟားခါးတက်သွားတဲ့ ရာချီတဲ့ ရိက္ခာယာဉ်တန်းကြီ တစ်စီးစ၊ နှစ်စီးစတောင် လိုရာခရီးရောက်ရှိသွားတယ်လို့ ကြားမိပါရဲ့လား။ မင်းတို့မှာ လက်နက်အပြည့်အစုံရှိပါလျှက် PDFတွေနဲ့တွေ့ဆုံတိုင်း အမြဲတမ်း သေဆုံးနေကြတာ ဘာကြောင့်လဲ။ စဉ်းစားမိရဲ့လား။ အဲဒါ ပြည်သူ့အားကြောင့်ပေါ့ကွ။ မင်းတို့သိထားဖို့က ပြည်သူ့အားကို မင်းတို့ အကြမ်းဖက်ရာဇဝတ်ဂိုဏ်းလောက် မဆိုထားဘိ။ သိကြားမင်း ဝရဇိန်လက်နက်နဲ့ လာပြီးဖြိုခွင်းတောင် မအောင်မြင်နိုင်ဘူးမှတ်ပါ။ 

 

ဒီမှာ။ မင်းတို့က ပြည်သူကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ သစ္စာဆိုပြီး ပြည်သူတွေကိုပစ်သတ်၊ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီး၊ ရန်သူလိုပြုမူဆက်ဆံနေတော့လည်း ပြည်သူတွေက မင်းတို့အပေါ် အကြမ်းဖက်ရာဇဝတ်ဂိုဏ်းလို့ သတ်မှတ်ထားကြတာ ရောင်ပြန်ဟပ်သလိုပေါ့ကွာ။ ခုတော့ ပြည်သူတွေက နှစ်တော့ကူးသွားပြီ။ ခေတ်ကူးပြောင်းဖို့ပဲ လိုတော့တယ်လို့ ပြောနေကြလေရဲ့။ အသက်စာရင်းသွားမယ်။ မင်းတို့ကိုတော့ ဒူးမထောက်ဘူးဆိုတဲ့ စိတ်ဓာတ်တွေနဲ့ဗျ။ ဒီတော့ မင်းတို့အကြမ်းဖက်ရာဇဝတ်ဂိုဏ်းဟာ ပြည်သူ့အားအောက်မှာ ပျောက်ဆုံးသွားမှာ အမှန်ပဲ။ 

 

နွေဦးတော်လှန်ရေး အောင်ရမည်။ 

~~~~

 

 

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။