Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်းပိုထောင်လာတဲ့ အစွန်းရောက်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့စစ်ဗိုလ်ချုပ်တွေက အမျိုးသားနိုင်ငံရေးမှာ ဝင်ပြီးစွက်ဖက်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ် ပါဘူး။

 

မြန်မာစစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ ဆယ်စုနှစ်များစွာကြာတဲ့အထိပါဝင်ခဲ့ပြီး ဒီလိုပါဝင်နိုင်အောင်လည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း တိုင်းပြည်က စစ် အာဏာရှင်တွေရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့အစိုးရအဆက်ဆက်

က နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းထားတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သဘော ထားကွဲလွဲမှုတွေဖော်ပြခဲ့တဲ့အပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း အပြင်းထန်ဆုံး နှိပ်ကွပ်ခဲ့ပါတယ်။ သဘောထားမတူညီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်နေတဲ့အချိန်မှာပဲ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေတဲ့ အမျိုးသားရေးဝါဒကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

 

အမျိုးသားရေးလှုပ်ရှားမှု ၊ ဖွဲ့စည်းမှုဆိုင်ရာထူးခြားလက္ခဏာနဲ့ ပဋိပက္ခတွေအပေါ် ဆန်းစစ်လေ့လာနေကြတဲ့ နိုင်ငံ တကာဆက်ဆံရေးလေ့လာသူတွေက မြန်မာနိုင်ငံမှာ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒရဲ့ ဆင့်ကဲဖြစ်စဥ်တွေအပေါ် လေ့လာခဲ့ကြပါတယ်။

 

ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒပေါ်ထွန်းလာပုံ

မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်ကြပြီး အစိုးရက တရားသတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းက ၁၃၅ မျိုးရှိပါတယ်။ ဘာသာရေးအရဆိုရင်တော့ ခရစ်ယာန် နဲ့ မွတ်ဆလင် ကလူနည်းစုတွေဖြစ်ကြပြီး နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ ဗုဒ္ဓဘာသာဝင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒရဲ့ရင်းမြစ်ကိုလေ့လာမယ်ဆိုရင် အတိတ်ကာလက ကိုလိုနီခေတ်ဆီပြန်သွားဖို့လိုပါ တယ်။ ၁၈၂၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီတွေလက်အောက် ကျရောက်ခဲ့ပါတယ်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးက တိုင်းပြည်ရဲ့ ဘုန်းတော်ကြီးကျောင်းတွေအပေါ် အစဥ်အလာအထောက်အပံ့ပေးခဲ့တာတွေကို ရုတ် သိမ်းလိုက်ပြီး လောကုတ္တရာဦးစားပေး ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးစနစ်အစား လောကီပညာရေး စနစ်ကိုမြှင့်တင်ခဲ့သလို ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေကိုဖိနှိပ်ပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေကို အားပေး ခဲ့ပါတယ်။

 

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း အပြင်းထန်ဆုံး နှိပ်ကွပ်ခဲ့ပါတယ်။ သဘောထားမတူညီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်နေတဲ့အ
ချိန်မှာပဲ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေတဲ့ အမျိုးသားရေးဝါဒကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

 

 

 

 

ဗြိတိသျှတွေရဲ့ ကိုလိုနီအုပ်ချုပ်ရေးလက်အောက်မှာ ဒေသခံလူထုကို မတူညီတဲ့ကိုလိုနီဒေသတွေဆီ မကြာခဏ ဆိုသလို ရွှေ့ပြောင်းခဲ့ပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးကာလတုန်းက ဗမာနိုင်ငံတော် (Union of Burma )လို့ခေါ်ဆို ခဲ့ပေမယ့် ၁၉၈၉ ခုနှစ် ဒီမိုက‌ရေစီလှုပ်ရှားမှုတွေကို စစ်တပ်ကဖြိုခွဲပြီးနောက်မှာတော့ မြန်မာနိုင်ငံတော်(Union of Myanmar" ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့တွေက သူတို့လက်အောက်မှာတာဝန်ထမ်းဆောင် ဖို့အတွက် ဟိန္ဒူနဲ့မွတ်ဆလင်လူမျိုးတွေကို ခေါ်ဆောင်လာခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံမှာ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒရဲ့ ဆင့်ကဲဖြစ်စဥ်တွေအပေါ် လေ့လာခဲ့ကြပါတယ်။

 

ရလဒ်ကတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေးကဏ္ဍတချို့ကို လွှမ်းမိုးချုပ်ကိုင်လာနိုင်တာပါ ပဲ။ စပါးစိုက်ပျိုးရေးကဏ္ဍချဲ့ထွင်ဖို့နဲ့ အကျိုးများများရနိုင်ဖို့အတွက် ဗြိတိသျှတွေက ရွှေ့ပြောင်းလုပ်သားအရေ အတွက် တိုးမြှင့်ခဲ့ပါတယ်။ ၁၈၇၁ ကနေ ၁၉၁၁ ခုနှစ်အကြားမှာ မွတ်ဆလင်လူဦးရေ သုံးဆတိုးလာပါတယ်။

 

ဒီလိုအကြောင်းအချက်တွေအားလုံးထဲကမှ တစ်ချက်ချင်းဆီတိုင်းက ဗုဒ္ဓဘာသာဝင်အများစုကို သိသာထင်ရှားတဲ့ နာကျည်းမှုတွေ ဖြစ်စေခဲ့ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာတော့ ဗမာနဲ့ဟိန္ဒူလူမျိုးစုတွေကြား အကြမ်းဖက်အဓိ ကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် မွတ်ဆလင်တွေဟာ ဒေသခံလူထုတွေရဲ့ လူနေမှုဘဝတွေကို ခြိမ်း ခြောက်နေကြတယ်လို့ အထင်ခံခဲ့ကြရပါတယ်။

 

၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ဗြိတိသျှအင်္ဂလိပ်တွေရဲ့လက်အောက်ကလွတ်မြောက်ပြီး လွတ်လပ်ရေးရခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း ၁၄ နှစ်တာကာလအတွင်း တိုင်းပြည်က လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ ပဋိပက္ခတွေ ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။

 

စစ်အုပ်ချုပ်ရေးကာလတွေမှာတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မှာတော့ စစ်အာဏာရှင်အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက ကြိုတင်ထုတ်ပြန် ကြေညာတာမျိုးမရှိဘဲ လောင်စာဆီထောက်ပံ့ထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်အစိုးရရဲ့ဆုံးဖြတ် ချက်ကိုဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာ ၈၀၀၀၀ နီးပါး လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ "ရွှေဝါရောင် အရေးအခင်း"လို့ခေါ်ပါတယ်။ စစ်တပ်ကတော်လှန်ရေးကို နှိပ်ကွပ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ကစတင်တဲ့ ဒီမိုကရက် တစ်ခေတ်ကို ဦးဆောင်နိုင်ခဲ့တယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ အဲဒီကာလတွေဟာ ၁၅ နှစ်နီးပါး အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးလွတ်မြောက်လာချိန်ပါပဲ။

 

ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ နောက်တကျော့ပြန်လည်ထွန်းကားခြင်း, ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေနဲ့ လူနည်းစုကြားတင်းမာမှုဖြစ်

မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေမှာ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေနဲ့ လူနည်းစုကြားတင်းမာမှုဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့သွားတဲ့ ပဋိပက္ခတွေလည်းရှိခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး မြန်မာနိုင်ငံမှာ အစွန်းရောက်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ၊ မွတ်ဆလင်ဆန့်ကျင်ရေးအမုန်းစကားတွေနဲ့ လူသေ ဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွန်းကားခဲ့ပါတယ်။

 

ဒီလိုအကြမ်းဖက်လှိုင်းလုံးကြီးတွေပေါ်ပေါက်လာတာက တိုက်ဆိုင်မှုသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ ၂၀၁၁ - ၂၀၁၆ ခုနှစ်တွေအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုဦးဆောင်ခဲ့တဲ့ စစ်တပ်ကြိုးဆွဲထားတဲ့အစိုးရက ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးတွေကို နိုင်ငံရေးအရထိတွေ့ဆက်ဆံဖို့ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရေးတရားပွဲတွေနဲ့ အစွန်းရောက် တွေကို စုစည်းခွင့်ပေးခဲ့ပါတယ်။ အမျိုးသားရေးဝါဒီအဖွဲ့တွေမှာ အထင်ရှားဆုံးကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေဦးဆောင်တဲ့ အမျိုး ၊ ဘာသာ ၊ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ)ဖြစ်ပါတယ်။

 

ဒီအဖွဲ့အစည်းရဲ့ ဗဟိုချုပ်ကိုင်မှုကလည်း ပြင်းထန်လွန်းတဲ့အတွက် အသင်းဝင်အရေအတွက်ကို ခန့်မှန်းဖို့မလွယ်ကူ ပေမယ့် ရန်ကုန်တစ်မြို့တည်းမှာတင် အသင်းဝင် ၂၀၀၀၀ ကနေ ၈၀၀၀၀ ကြားရှိမယ်လို့ ယုံကြည်ရပါတယ်။

 

မဘသလှုပ်ရှားမှုတွေက အထူးသဖြင့် မွတ်ဆလင်လူနည်းစုတွေအပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်ကြပြီး ဒေါ် အောင်ဆန်းစုကြည်အစိုးရရဲ့ ပါဝါကြီးထွားလာမှုကိုလည်း ၂၀၁၇ ခုနှစ်မှာတားမြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ မဘသ ကို NLD အစိုးရကတားးမြစ်ပြီးနောက်ပိုင်းမှာတော့ ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းတွေအဖြစ်နာမည်ပြောင်းပြီး ဆက်လက် ဆောင်ရွက်လာတဲ့အတွက်ကြောင့် ကြီးထွားလာတဲ့လှုပ်ရှားမှုတွေရပ်တန့်သွားဖို့ ထင်သလောက်မဆောင်ရွက်နိုင်ခဲ့ ပါဘူး။

 

အမျိုးသားရေးဝါဒ နှင့် ၎င်း၏ကျယ်ပြန့်မှု

 

 

အမျိုးသားရေးဝါဒီတွေရဲ့ပြောစကားတွေက ဗုဒ္ဓဘာသာဝင်အများစုအတွက် သည်းခြေကြိုက်စကားလုံးတွေဖြစ်နေ ခဲ့ပြီး ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒက မြန်မာနိုင်ငံမှာ အရေးပါတဲ့လူမှုရေးအင်အားစုတစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ ပါတယ်။ ၂၀၁၇ လူနည်းစုမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာလည်း မြန်မာ ဗုဒ္ဓဘာသာဝင်လူအများစုက စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ဒီလို အကြမ်းဖက်မှုတွေရပ်တန့်မသွားဘဲ ဆက်ပြီး ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာလည်း လုံးဝတာဝန်ကင်းခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့တွေကလည်း ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို တစ်ဘက်တစ် လမ်းကနေ အားပေးထောက်ခံတာမျိုးရှိခဲ့တဲ့အတွက် အပြစ်ကတော့ရှိ ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေအထိ အာဏာရပါတီ ဒါမှမဟုတ် အတိုက်အခံပါတီတွေရဲ့ မဲစာရင်းတွေမှာ မွတ်ဆလင်တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က မွတ်ဆ လင်တွေကို နိုင်ငံရေးကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မပြု ခဲ့ပါဘူး။

 

 

 

 

သူတို့တွေကလည်း ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို တစ်ဘက်တစ် လမ်းကနေ အားပေးထောက်ခံတာမျိုးရှိခဲ့တဲ့အတွက် အပြစ်ကတော့ရှိ ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေအထိ အာဏာရပါတီ ဒါမှမဟုတ် အတိုက်အခံပါတီတွေရဲ့ မဲစာရင်းတွေမှာ မွတ်ဆလင်တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ 

 

 

 

 

 

 

 

မွတ်ဆလင်တွေအပေါ် စစ်တပ်ရဲ့၂၀၁၇ ခုနှစ် ကျူးလွန်မှုအစီရင်ခံစာတွေ အလွဲလွဲအမှားမှားတွေဖြစ်အောင် ကြိုး ပမ်းခဲ့တာကို NLD အစိုး ရကလည်း တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာ နိုင်ငံမှာရှိတဲ့ အမျိုး သားရေးဝါဒီအများစုကတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗုဒ္ဒဘာသာ အပေါ် ကာကွယ်လိုစိတ် နည်းပါးကြတယ်လို့ပဲ ယုံကြည်ထားကြပါတယ်။

 

စစ်အုပ်ချုပ်ရေးဆီ နောက်ကြောင်းပြန်လှည့်ခြင်း

 

 

နိုဝင်ဘာရွေးကောက်ပဲပြီးဆုံးသွားလို့ ပထမကြိမ်လွှတ်တော်သစ်ခေါ် ယူမယ့်မနက်ခင်းမှာပဲ စစ်တပ်ရဲ့အာဏာ သိမ်းမှု ပေါ်ပေါက်ခဲ့ပါတယ်။ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သိသိသာသာ အနိုင်ရခဲ့ပါတယ်။ NLD ရဲ့အဓိကပြိုင်ဘက်ဖြစ် တဲ့ USDP က စစ်တပ်ရဲ့ထောက်ခံမှုကိုအပြည့်အဝ ရရှိထားပါတယ်။

 

USDP နဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေကြားမှာ တရားဝင်ဆက်ဆံ ရေးမျိုးမရှိပေမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးမှာ ပါတီရဲ့ကြွေးကြော်သံက သူတို့ကိုရွေးကောက်ဖို့ ဗုဒ္ဓဘာသာ အမျိုးသား ရေးဝါဒီတွေကို သေချာပေါက်သိမ်းသွင်းခဲ့ပါတယ်။ USDP က အမျိုးသားရေးဆောင်ပုဒ်ဖြစ်တဲ့ အမျိုး ဘာသာ သာသနာကို ကာ ကွယ်စောင့်ရှောက်ခြင်း ဆိုပြီး ပုံဖော်ခဲ့ပြီး NLD ကိုတော့ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်ပါတီအဖြစ် ပုံဖော်ခဲ့ပါတယ်။..

 

ရွေးကောက်ပွဲအပြီးမှာတော့ ရှုံးနိမ့်သွားတဲ့ USDP က NLD ပါတီအပေါ် မဲလိမ်မှုနဲ့စွပ်စွဲခဲ့ပေမယ့် လက်ရှိအချိန်အထိ ဘာသက်သေမှမပြနိုင်ခဲ့ပါ ဘူး။ တင်းမာမှုတွေ နဲ့ သတင်းမှားတွေ အွန်လိုင်းပေါ်ပျံ့နှံ့မှုမြင့်မား လာချိန်မှာတော့ စစ်တပ်ကအာဏာသိမ်းခဲ့ပါတော့တယ်။

 

ဘာသာရေးဗဟိုပြုအမျိုးသားရေးဝါဒီတွေအပြင် မြန်မာစစ်တပ်က ဗုဒ္ဓ ဘာသာအမျိုးသားရေး ဝါဒီတွေရဲ့ထောက်ခံ မှုတွေကို ရယူနေတယ်ဆိုတာ ပိုပြီးသိသာစေတဲ့ နောက်ထပ်အချက်တစ်ချက်က ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်သုံးပါး(အရှင်သောဘိတ ၊ ရွှေညဝါဆရာတော် နှင့် မြဝတီဆရာတော်) တို့က စစ်တပ်နဲ့

 

အစွန်းရောက်ဗုဒ္ဓဘာသာအမျိုး သားရေးအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြတဲ့ အတွက် ဖမ်းဆီးခံခဲ့ရတဲ့အတွက်ကြောင့်ပါ။

 

ဒီအချက်ကိုကြည့်ရင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအသိုင်းအဝိုင်းအတွင်း အစွန်းရောက်အမျိုးသားရေးဝါဒီတွေနဲ့ စစ်တပ်က နိုင်ငံအပေါ်ခြိမ်းခြောက်နေကြသူတွေလို့ ရှုမြင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း စစ် တပ်အတွက်ကတော့ အမျိုးသားရေးဝါဒီတွေကလည်း အားကိုးအားထားပြုနိုင်လောက်တဲ့ မဟာမိတ်တွေ မဟုတ်ခဲ့ ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်က သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီရင် ဘယ်သူ့ကိုမှမထောက်ခံ တဲ့အတွက်ကြောင့်ပါ။ ဒါက သမိုင်းကသက်သေပြခဲ့တဲ့အတိုင်းပါပဲ။

 

ဘုန်းမောင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘုန်းမောင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။